Social Icons

Pages

Wednesday, November 6, 2013

၂၀၂၀ ပြည့်နှစ်တွင် ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါများ ၆၀ ရာခိုင်နှုန်းခန့် ရှိလာမည်


ရန်ကုန် ၊ ၆-၁၁-၂၀၁၃

၂၀၂၀ ပြည့်နှစ်တွင် ကူးစက်ခြင်း ကြောင့် မဟုတ်သော ရောဂါများ ၆ဝ ရာခိုင်နှုန်း အထိ ဖြစ်လာ နိုင်ကြောင်း ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ် က Health Communication Forum တွင် ပြောကြား ခဲ့သည်။

င်္ကူးစက်ခြင်း ကြောင့် မဟုတ်သော ရောဂါများမှာ အဓိကအားဖြင့် နှလုံး သွေးကြော ရောဂါအုပ်စု ၊ ကင်ဆာအုပ်စု ၊ ဆီးချို သွေးချိုအုပ်စု နှင့် နာတာရှည် အုပ်စု စသည့်ရောဂါ များဖြစ်ပြီး ကူးစက်ရောဂါ များဖြစ်သည့် HIV ရောဂါ ၊  တီဘီရောဂါ ၊ ငှက်ဖျားရောဂါ ၊ ဝမ်းလျှောရောဂါ စသည့် ရောဂါများ ကဲ့သို့ မဟုတ်ဘဲ လူအများ သိသင့်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


'' ကူးစက်ခြင်း ကြောင့် မဟုတ်တဲ့ ရောဂါထဲမှာ ပါတဲ့ ဆီးချိုသွေးချို ရောဂါရှိသူက သာမန်လူထက် သက်တမ်း ၁၂ နှစ် ပိုတိုနိုင်တယ် .. .. '' ဟု ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ် က ထပ်မံ ရှင်းပြသည်။ ပြီးခဲ့သည့် ၁၉၉ဝ ပြည့်နှစ်တွင် ကူးစက်ခြင်းကြောင့် ဖြစ်သော ရောဂါ ၄၄ ရာခိုင်နှုန်း ၊ ကူးစက်ခြင်း ကြောင့် မဟုတ်သာ ရောဂါ ၄၁ ရာခိုင်နှုန်း နှင့် ထိခိုက် ဒဏ်ရာကြောင့် ဖြစ်သောရောဂါ ၁၅ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။ လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် ကူးစက်ခြင်း ကြောင့်ဖြစ်သော ရောဂါ ၂ဝ ရာခိုင်နှုန်း ၊ ကူးစက်ခြင်း ကြောင့် မဟုတ်သော ရောဂါ ၆ဝ ရာခိုင်နှုန်း နှင့် ထိခိုက် ဒဏ်ရာရောဂါ ၂ဝ ရာခိုင်နှုန်း ဖြစ်လာ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...