Social Icons

Pages

Tuesday, October 29, 2013

WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


ပြည်သူ့စစ် အယောင်ဆောင် မောင်မျိုးဇော်လတ် နှင့် မောင်အိုက်ကောင်ခမ်း တို့အား 
သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ ၊ ထိုင်းဘတ်ငွေ ၊ လက်ကိုင်ဖုန်း နှစ်လုံး ၊ မော်တော်ယာဉ် နှင့်
အတူ တွေ့ရစဉ်



တာချီလိတ် ၊ ၂၉-၁၀-၂၀၁၃

ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) တာလေ မြို့နယ်ခွဲ ပါလျှိုးကျေးရွာ အုပ်စု နမ့်ခင်းကျေးရွာ အနီး လုံခြုံရေး တပ်ဖွဲ့ဝင်များ က အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း တွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် မသင်္ကာဖွယ် ယာဉ်ငယ် တစ်စီး ဖြတ်သန်း သဖြင့် ရပ်တန့် စစ်ဆေးရာ ပြည့်သူ့စစ် ယူနီဖောင်း အား အယောင်ဆောင် ၀တ်ဆင် ထားသော ယာဉ်မောင်း မောင်မျိုးဇော်လတ် ၂၈ နှစ် (ဘ) ဦးသန်းစိန် နှင့်အတူ လိုက်ပါလာသူ မောင်အိုက်ကောင်ခမ်း ၂၁ နှစ် (ဘ) ဦးနွဲ့ပင်း တို့အား လိုင်စင်မဲ့ မော်တော်ယာဉ် ဖြင့် ဖမ်းဆီး ရမိပြီး မော်တော်ယာဉ် ပေါ်မှ ဒဗလျူဝိုင် စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ထုပ်လျှင် ၂၀၀၀ ပြားပါ ၁၀ ထုတ် နှင့် ၁၈၀၀ ပြားပါ တစ်ထုပ် စုစုပေါင်း ၂၁၈၀၀ ပြား ၊ ဒေသတန်ဖိုး ၄၃၆ သိန်းခန့် ၊ ဘတ်ငွေ ၁၀၀၀၀ ဘတ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား သိမ်းဆည်း ရမိသည်။


ပြည်သူ့စစ် အယောင်ဆောင် မောင်မျိုးဇော်လတ် မှာ မူးယစ်ဆေးဝါး နှင့် ဘတ်ငွေ အတု လုပ်မှုဖြင့် တရားခံပြေး တစ်ဦး ဖြစ်ကြောင်း နှင့် မူးယစ် ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ တရားခံ ၂ ဦးအား တာချီလိတ် ရဲစခန်း သို့ စနစ်တကျ လွှဲပြောင်း၍ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...