Social Icons

Pages

Saturday, October 19, 2013

စာပေရေးသား သူများ ပါဝင်သည့် PEN Myanmar ဖွဲ့စည်းနိုင်ရန် မြန်မာစာရေး ဆရာများ တွေ့ဆုံပွဲ ပြုလုပ်


ရန်ကုန် ၊ ၁၉-၁၀-၂၀၁၃

ရသစာပေ ဖွံ့ဖြိုးရေး အတွက် အဓိက ရည်ရွယ်ပြီး စာပေ ရေးသားသူများ ပါဝင်သည့် PEN Myanmar ဖွဲ့စည်း နိုင်ရေးအတွက် မြန်မာ စာရေးဆရာများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်းရှိ HOME ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို ရန်ကုန်မြို့ရှိ စာရေးဆရာ ၊ ဆရာမ ၃ဝ ကျော် တက်ရောက် ဆွေးနွေး ခဲ့ကြပြီး မန္တလေးမြို့ နှင့် ပြင်ဦးလွင်မြို့တို့မှ စာရေးဆရာ ၊ ဆရာမများ ပေးပို့သော သဘောထား မှတ်ချက်များကို ဖတ်ကြား ခဲ့ကြောင်း PEN Myanmar ဖွဲ့စည်းရေး အတွက် ညီလာခံ တစ်ရပ် ကိုလည်း မြန်မာနိုင်ငံ ရှိ စာရေးဆရာ ၊ ဆရာမများဖြင့် နိုဝင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပရန် ဆုံးဖြတ် ခဲ့ကြကြောင်း သိရသည်။

ရသစာပေ ဖွံ့ဖြိုးရေး အတွက် အဓိက ရည်ရွယ်သည့် PEN Myanmar သည် ကမ္ဘာတစ်ဝန်း ရှိ စာပေပညာ ရှင်များ ပါဝင်သည့် PEN International ၏ အသိအမှတ် ပြုမှုကို ပြီးခဲ့သည့် စက်တင်ဘာလ ကရရှိခဲ့ပြီး မကြာမီအချိန် အတွင်း ဖွဲ့စည်း ပေါ်ပေါက်နိုင်ရန် အတွက် မြန်မာ စာရေးဆရာများ တွေ့ဆုံကြခြင်း ဖြစ်သည်ဟု သိရသည်။

PEN Myanmar အနေဖြင့် အဖွဲ့ဝင် အဆိုပြုလွှာ များကို စတင် လက်ခံလျက် ရှိပြီး PEN Myanmar ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် အဖြစ် ရွေးကောက်ခံ လိုပါက အဖွဲ့ဝင် အဆိုပြုလွှာ များကို ညီလာခံနေ့ မတိုင်မီ တင်သွင်း ထားရန် လိုအပ်မည် ဖြစ်သည်။


အဖွဲ့ဝင်လိုသူများအနေဖြင့် PEN Myanmar စည်းရုံးရေး ကော်မတီ သို့ ဖြစ်စေ ၊ ယာယီလိပ်စာ ပဲ့တင်သံ ဂျာနယ်တိုက် ၊ အခန်း ၄၀၁ ၊ တိုက်အမှတ် (၁၇) (၅၂) လမ်း (အောက်ဘလောက်) ၊ ဗိုလ်တထောင် မြို့နယ် ၊ ဖုန်း ၀၁- ၉၀၁၀ ၅၀၁ ၊ အီးမေးလ် လိပ်စာ Penmyanmarcenter သို့ ဆက်သွယ် နိုင်ကြောင်း အဖွဲ့ဝင်အဖြစ် အသိအမှတ် ပြုခြင်းကို ညီလာခံအပြီး တွင် ရွေးကောက် တင်မြှောက် ခံရသည့် ဒါရိုက်တာ အဖွဲ့က ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...