Social Icons

Pages

Sunday, October 13, 2013

Juno အာကာသယာဉ် မှ ကမ္ဘာမြေပြင်သို့ ဓာတ်ပုံများ ပထမဆုံး အကြိမ်ပေးပို့


Juno, shown in an artist's rendering, is scheduled to arrive at Jupiter in 2016. 
(NASA, JPL file)

ဝါရှင်တန် ၊ ၁၃-၁၀-၂၀၁၃

အမေရိကန် အာကာသ အေဂျင်စီ NASA အဖွဲ့မှ Juno အာကာသယာဉ် သည် ကြာသပတေးဂြိုဟ် သို့ ရောက်ရျိရန် နီးကပ်လျက် ရှိပြီး အောက်တိုဘာလ ၉ ရက် က ကြာသပတေး ဂြိုဟ်၏ ပုံရိပ် အချို့ကို ရိုက်ကူး ရယူ ထားသော ဓာတ်ပုံများကို ကမ္ဘာ မြေပြင်သို့ ပထမဆုံး အကြိမ် ပြန်လည် ပေးပို့ နိုင်ခဲ့ကြောင်း သိရသည်။

Juno အာကာသယာဉ် သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်က ၅ နှစ်တာ ခရီးရှည်ကို စတင်ခဲ့ပြီး ယင်း အာကာသ ယာဉ်သည် နည်းပညာ ဆိုင်ရာ ပြဿနာ များ ရှိနေသော် ငြားလည်း ကမ္ဘာ မြေပြင်သို့ ဓာတ်ပုံ ပေးပို့မှုကို စတင် လုပ်ဆောင် နိုင်ခဲ့သည်။ ယခုအခါ မြေပြင်ရှိ ထိန်းချုပ်ရေး ဌာနသည် ယင်း အာကာသယာဉ် ၏ ချွတ်ယွင်းမှု ပြဿနာ နှင့် စပ်လျဉ်း၍ စိုးရိမ် ပူပန်မှု မရှိတော့ကြောင်း သိရသည်။

ယခု ပေးပို့သော ဓာတ်ပုံသည် Universe Today သတင်းဌာန က ဖော်ပြ ထားသော ပုံကြမ်း ဓာတ်ပုံများထက် ကြည်လင် ပြတ်သားမှု ရှိကြောင်း နှင့် အာကာသ ယာဉ်သည် တောင် အမေရိက နှင့် အတ္တလန္တိတ် သမုဒ္ဒရာ တောင်ပိုင်းတွင် ပျံသန်းစဉ် အောက်တိုဘာ ၉ ရက် EST စံတော်ချိန် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်က ဓာတ်ပုံ ရိုက်ယူ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...