Social Icons

Pages

Monday, October 7, 2013

အိန္ဒိယလေတပ်ဖွဲ့ ၏ Jodhpur လေတပ်စခန်း သည် Dhruv ရဟတ်ယာဉ် ၅ စင်း လက်ခံ ရရှိမည်ဟုဆို



မွန်ဘိုင်း ၊ ၇-၁၀-၂၀၁၃

အိန္ဒိယ လေတပ်ဖွဲ့၏  Jodhpur ရှေ့တန်း လေတပ် အခြေစိုက် စခန်းရှိ ဟောင်းနွမ်း နေသည့် Chetak ရဟတ်ယာဉ်များ နေရာတွင် အစားထိုး အသုံးပြုသွားရန် အဆင့်မြှင့် တင်ထားသော Dhruv အပေါ့စား ရဟတ်ယာဉ် ၅ စင်းကို လက်ခံရရှိမည် ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အဆင့်မြှင့်တင် ထားသောရဟတ်ယာဉ် ၅ စင်းကို Hindustan Aeronautics ကုမ္ပဏီမှ ထုတ်လုပ်ခဲ့ပြီး ၄င်းရဟတ်ယာဉ် များကို Chetak ရဟတ်ယာဉ်များ နေရာတွင် အစားထိုး၍ လေ့ကျင့်ခန်းများ ၊ ကယ်ဆယ်ရေး လုပ်ငန်းများ နှင့် အပေါ့စား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် အဓိက အသုံးပြု သွားမည် ဖြစ်ကြောင်း ၊ လေယာဉ်မှူးများ အနေဖြင့်လည်း Chetak ရဟတ်ယာဉ်မှ Dhruv ရဟတ်ယာဉ်အား  ပြောင်းလဲ၍ ကျွမ်းကျင်စွာ မောင်းနှင် နိုင်ရေး ပြောင်းလဲ လေ့ကျင့်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ၊ ထို့အပြင် Mark I Dhruv ရဟတ်ယာဉ် များကို အဆင့်မြင့် Mark III ရဟတ်ယာဉ် များဖြင့် ထပ်မံ အစားထိုး အသုံးပြု သွားမည် ဖြစ်ကြောင်း နှင့် Chetak ရဟတ်ယာဉ်များ ကိုမူ အခြား လေတပ် အခြေစိုက် စခန်းများသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး S D Goswami က ပြောကြား ခဲ့သည်။


Jodhpur လေတပ် အခြေစိုက် စခန်း အကြီးအကဲ ဗိုလ်မှူးချုပ် B Saju က ယခုအခါ Dhruv ရဟတ်ယာဉ် ၅ စင်းလက်ခံ ရရှိခဲ့ပြီး လာမည့် ဒီဇင်ဘာလ အတွင်း ၅ စင်း ထပ်မံရရှိ မည်ဟု ပြောကြား ခဲ့သည်။ Dhruv ရဟတ်ယာဉ် များကို သယ်ယူ ပို့ဆောင်ရေး နှင့် ဘက်စုံသုံး ရဟတ်ယာဉ်များ အဖြစ် အသုံးပြုနိုင်ပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ် အဖြစ်လည်း အသုံးပြု နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...