Social Icons

Pages

Tuesday, October 15, 2013

အိန္ဒိယ ရေတပ်အတွက် ပြန်လည် ပြင်ဆင် ခဲ့သည့် ရုရှားလုပ် လေယာဉ်တင် သင်္ဘော နိုဝင်ဘာ ၃၀ရက်တွင် အိန္ဒိယသို့ ထွက်ခွာမည်



မော်စကို ၊ ၁၅-၁၀-၂၀၁၃

အိန္ဒိယ ရေတပ်အတွက် ပြန်လည် ပြင်ဆင်ခဲ့သည့် ရုရှားလုပ် လေယာဉ်တင် သင်္ဘော Vikramaditya သည် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်း နှင့် အဆိုပါ သင်္ဘော ပြင်ဆင်မှုသည် မူလ သတ်မှတ် ထားသော ဈေးနှုန်းထက် နှစ်ဆကျော် ကုန်ကျ ခဲ့ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ရုရှား ဒုတိယဝန်ကြီးချုပ် ဒီမီထရီရိုဂိုဇင် က ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောကို မူလက ၂ဝဝ၈ ခုနှစ်တွင် လွှဲပြောင်း ပေးရန် သတ်မှတ် ခဲ့ကြောင်း ၊ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ တွင် အိန္ဒိယနိုင်ငံ သို့လွှဲပြောင်း ပေးအပ် နိုင်ဖွယ်ရှိ သော်လည်း ၂ဝ၁၂ ခုနှစ်က ပင်လယ်ပြင် စမ်းသပ် မောင်းနှင်မှုများ ပြုလုပ်ရာတွင် သင်္ဘော၏ ဘွိုင်လာအိုးများ အပြည့်အဝ လုပ်ဆောင် နိုင်မှုမရှိသည့် အတွက် ထပ်မံ ပြင်ဆင်ရန် လိုအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်္ဘော လွှဲပြောင်း ပေးအပ်မည့် အခမ်းအနား မတိုင်မီ တစ်လ အလိုတွင် အသင့်ဖြစ် နေမည်ဖြစ်ကြောင်း နှင့် ရုရှား ရေပိုင်နက် အတွင်းမှ နိုဝင်ဘာ ၃ဝ ရက်တွင် ထွက်ခွာမည် ဖြစ်ကြောင်း ရိုဂိုဇင် က ထပ်လောင်း ပြောကြား ခဲ့သည်။ အိန္ဒိယ ရေတပ် အနေဖြင့် အဆိုပါ လေယာဉ်တင် သင်္ဘောတွင် အသုံးပြု နိုင်မည့် MIG- 29 K တိုက်လေယာဉ် အချို့ကို လက်ခံ ရရှိခဲ့ပြီး ဖြစ်ကြောင်း နှင့် အဆိုပါ တိုက်လေယာဉ် များအား ပင်မ လေယာဉ်တင် သင်္ဘော ရေချရန် အသင့်မဖြစ်မီ အပြီးသတ် ထုတ်လုပ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...