Social Icons

Pages

Monday, October 28, 2013

အိန္ဒိယနိုင်ငံ တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ၅ ဦးသေဆုံး ၇၀ ဦး ဒဏ်ရာရရှိခဲ့ခြင်း



ပတ္တနာ ၊ ၂၈-၁၀-၂၀၁၃

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ Bihar ပြည်နယ် Patna မြို့တော်တွင် အောက်တိုဘာ ၂၇ ရက်၌် ဗုံး ၇ လုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၅ ဦးသေဆုံးပြီး ၇ဝ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း NEWSnow သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲ မှုများသည် အိန္ဒိယနိုင်ငံ ၏ အဓိက အတိုက်အခံ Bharatiya Janata ပါတီ ( BJP ) ၏ဆန္ဒပြမှုကြီး တစ်ရပ် မပြုလုပ်မီ နာရီ အနည်းငယ် အလိုတွင် ပေါ်ပေါက် ခဲ့ခြင်း ဖြစ်သည်။ Patana မြို့တစ်ဝန်း တွင် အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၁ဝ နာရီအချိန် မှ စ၍ ဗုံး ၇ လုံး ပေါက်ကွဲ ခဲ့ကြောင်း ၊ ပထမဗုံး ပေါက်ကွဲမှုမှာ Patana မြို့၏ အဓိက ဘူတာရုံ၌ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဒုတိယဗုံး ပေါက်ကွဲမှုမှာ ရုပ်ရှင်ရုံ တစ်ခုအနီး တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း နှင့် အခြားဗုံး ပေါက်ကွဲမှု ၅ ရပ်သည် ဆန္ဒပြမှုကြီး တစ်ခုပြုလုပ်ရန် စုရုံးနေသော ထောက်ခံသူများ ကို ၂ဝ၁၄ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် BJP ပါတီ၏ ဝန်ကြီးချုပ် ဆိုင်ရာ ကိုယ်စားလှယ်လောင်း Narendra Modi မိန့်ခွန်း ပြောကြားမည့် Gandhi Maidan သမိုင်းဝင် နေရာ၌ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။


အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ သံသယရှိသူ ၄ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်းလည်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...