မြ၀တီ ၊ ၂၉-၁၀-၂၀၁၃
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း
ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ ခရီးသွား လုပ်ငန်းနှင့် ထိုင်းနိုင်ငံ အခြေစိုက်
Trans Asia Route Co., Ltd ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသား ဧည့်သည် ၉၆ ဦးနှင့် မော်တော်ယာဉ်
၂၆ စီး ပါဝင်သော ခရီးစဉ်သည် အောက်တိုဘာ ၂၈ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တစ်ဆင့်
မြဝတီမြို့ သို့ ရောက်ရှိလာပြီး ဆက်သွယ် ဆက်ဆံရေး အရာရှိ ဒေါ်မိမိခိုင် ၊ မန်နေဂျာ ၊
ဧည့်လမ်းညွှန် ဒေါ်နန်းဇင်မျိုးအောင် နှင့် ဧည့်လမ်းညွှန် ဦးစိုင်းလုံကွမ်း တို့ လိုက်ပါလျက်
မြ၀တီ - မော်လမြိုင် - နေပြည်တော် - အင်းလေး - တောင်ကြီး - ပုဂံ - ရန်ကုန် - ကျိုက်ထီးရိုး
- ဘားအံမြို့ များသို့ လည်ပတ်ကာ နိုဝင်ဘာ ၄ ရက်တွင် မြဝတီမြို့မှ တစ်ဆင့် ထိုင်းနိုင်ငံ
မဲဆောက်မြို့ သို့ ပြန်လည် ထွက်ခွာ သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဧည့်သည်များအား မြ၀တီ ခရိုင်
အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ နှင့် အဖွဲ့ဝင်များ ၊ မြဝတီ ချစ်ကြည်ရေး တံတားတာဝန်ခံ
ဦးစိုင်းအောင်မြင့် နှင့် အဖွဲ့ဝင် များမှ ကြိုဆို နှုတ်ဆက် ကြကြောင်း သိရှိရသည်။


No comments:
Post a Comment