Social Icons

Pages

Monday, October 14, 2013

(၁၈)ကြိမ်မြောက် ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ပြီးဆုံး



ဘူဆန် ၊ ၁၄-၁၀-၂၀၁၃

တောင်ကိုရီးယား နိုင်ငံ ၊ ဘူဆန် ဆိပ်ကမ်းမြို့ တွင် ကျင်းပသော (၁၈) ကြိမ်မြောက် ဘူဆန် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်အား ယမန်နေ့က ဆုချီးမြှင့်ပွဲ အခမ်းအနား ဖြင့် အောင်မြင်စွာ ပိတ်သိမ်း ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင် ပွဲတော်၌ တောင်ကိုရီးယား ရုပ်ရှင် Pascha နှင့် မွန်ဂိုလီးယား - ဂျာမဏီ နိုင်ငံတို့ ပူးပေါင်း ရိုက်ကူးသော Remote Control ဇာတ်ကား တို့ကို ရိုက်ကူးသည့် ဒါရိုက်တာ များက ရုပ်ရှင် ထူးချွန်ဆုများ ရရှိခဲ့ ကြသည်။ ၄င်း ရုပ်ရှင်ပွဲတော် ၌ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ရုပ်ရှင် ကားပေါင်း ၁၂ ကားကို ပြသခဲ့ကြောင်း သိရသည်။

ဘူဆန် ရုပ်ရှင်ပွဲတော်တွင် ပထမဆုံး အကြိမ်အဖြစ် ပြသသော မွန်ဂိုလီးယား ရုပ်ရှင် ဇာတ်ကား ဖြစ်သည့် Remote Control ဇာတ်ကားသည် တစ်ဖက်အိမ်မှ အမျိုးသမီး တစ်ဦး ကြည့်နေသော ရုပ်မြင် သံကြားစက် ကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ကလေးငယ် တစ်ဦး၏ အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူး ထားသော ဇာတ်ကားကောင်း တစ်ပုဒ် ဖြစ်သည်။

Pascha ရုပ်ရှင် ဇာတ်ကားသည် အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦးနှင့် ချစ်ကြိုက် မိသည့် အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦး၏ ချစ်ခြင်း မေတ္တာကို ရိုက်ကူး ပြသထားသော ဇာတ်လမ်း ဖြစ်သည်။ ရုပ်ရှင် အကဲဖြတ် အဖွဲ့က Pascha ဇာတ်ကားသည် သမားရိုးကျ အချစ် ဇာတ်လမ်း တစ်ပုဒ် မဟုတ်ဘဲ တစ်မူ ထူးခြားသော အချစ်ဇာတ်ကား ကောင်းတစ်ခု ဖြစ်ကြောင်း မှတ်ချက် ပေးခဲ့သည်။

ဘူဆန် ရုပ်ရှင်ပွဲတော် အား တောင်ကိုရီးယား ဒါရိုက်တာ ကင်ဒေါင်ဟွမ် ရိုက်ကူးသည့် The Dinner ဇာတ်ကားဖြင့် ပိတ်ခဲ့ပြီး ဒါရိုက်တာဆု ရရှိခဲ့သော Pascha ဇာတ်ကားကို တောင်ကိုရီးယား အမျိုးသမီး ဒါရိုက်တာ Ahn Seonk- young က ရိုက်ကူး ထားခြင်း ဖြစ်ကြောင်း သိရသည်။


၁၀ ရက်ကြာ ကျင်းပ ခဲ့သော ဘူဆန် ရုပ်ရှင်ပွဲတော် သို့ ကမ္ဘာတစ်ဝန်းမှ အနုပညာရျင် ၇၇၂၉ ဦး တက်ရောက် ခဲ့ပြီး ရုပ်ရှင် ချစ်သူ ပရိသတ် ၂၁၇၈၆၅ ဦးနီးပါး လာရောက် အားပေး ကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...