Social Icons

Pages

Monday, October 14, 2013

အိန္ဒိယနိုင်ငံ ဘုရားကျောင်း အနီး လူများ ရုတ်ရုတ်သဲသဲ ဖြစ်ပွားရာ လူ ၈၉ ဦးသေဆုံး


ဘိုပယ်လ် ၊ ၁၄-၁၀-၂၀၁၃

အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ ဟိန္ဒူ ဘုရားကျောင်း သို့ ဆက်သွယ် ထားသော တံတားပေါ်တွင် ယမန်နေ့က ဘုရားဖူး လာသူများ ရုတ်ရုတ်သဲသဲ ဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၈၉ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

အိန္ဒိယနိုင်ငံ အလယ်ပိုင်း ဒါတီရာမြို့ အပြင်ဘက် တောအုပ် အတွင်းရှိ ရာတန်ဂါး ဘုရားကျောင်း တွင် ဘာသာရေး ပွဲတော် တစ်ခု ကျင်းပရန် အတွက် ဘုရားဖူး ပြည်သူပေါင်း ၁၅၀၀၀၀ ခန့်မှာ စုဝေး ရောက်ရှိနေစဉ် အဆိုပါ ဘုရားကျောင်း သို့ ဆက်သွယ် ထားသည့် တံတားမှ လက်ရန်းများ ကျိုးကျမှုကြောင့် ဘုရားဖူး ပြည်သူများ အကြား ရုတ်ရုတ်သဲသဲ ဖြစ်ပွား ခဲ့ရခြင်း ဖြစ်ပြီး သေဆုံးသူ အများစုမှာ လူနင်းခံ ရခြင်းကြောင့် ဖြစ်ကြောင်း နှင့် အချို့မှာ တံတား ပေါ်မှနေ၍ ဆင်းဒ်မြစ် အတွင်းသို့ ခုန်ချခြင်း နှင့် ပြုတ်ကျခြင်း များ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။


အဆိုပါ ဖြစ်ပွားရာ နေရာသို့ ဆရာဝန် ၂၀ ဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို စေလွှတ် ခဲ့ကြောင်း နှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း မြို့နယ် ဒုတိယ စုံစမ်းရေး အရာရှိချုပ် က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...