Social Icons

Pages

Friday, October 4, 2013

တရုတ်နိုင်ငံသည် နိုင်ငံ၏ ပထမဆုံးသော မောင်းသူမဲ့ လဆင်းယာဉ် ကို ထုတ်ဖော်ပြသ



ပေကျင်း ၊ ၄-၁ဝ-၂ဝ၁၃

တရုတ် သိပံ္ပပညာရှင် များသည် နိုင်ငံ၏ ပထမဆုံးသော လဆင်းယာဉ်ကို စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ဖော် ပြသခဲ့ကြောင်း နှင့် အဆိုပါ ယာဉ်အား အမည်ပေးရေး အတွက် ကမ္ဘာတစ်ဝန်းမှ ပြည်သူများကို ဖိတ်ခေါ်ခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ လဆင်းယာဉ် သည် ကြမ်းတမ်းသော ပတ်ဝန်းကျင် အခြေအနေနှင့် လိုက်လျော ညီထွေစွာ နေနိုင်စွမ်း ရှိကြောင်း အဆင့်မြင့် နည်းပညာများ စုပေါင်း အသုံးပြု ထားသည့် အာရှသား တို့၏ စိတ်ကူးယဉ် အိမ်မက်များကို ထင်ဟပ် စေမည့် ပြယုဂ် တစ်ခုဖြစ်ကြောင်း တရုတ် အာကာသသိပံ္ပ နှင့် နည်းပညာ ကော်ပိုရေးရှင်း ၏ အာကာသ ဆိုင်ရာ ဌာန ညွှန်ကြားရေးမှူး Zhao Xiaojin က ထုတ်ဖော် ပြောကြား ခဲ့သည်။

အဆိုပါ ယာဉ်အား ဒီဇင်ဘာလတွင် လမျက်နှာပြင် ပေါ်သို့ Chang 'e - 3 '' လနတ်သမီး '' ခရီးစဉ် အမည်ဖြင့် လွှတ်တင်မည် ဖြစ်ပြီး လမျက်နှာပြင်သို့ လောင်စာ အနည်းငယ်သာ အသုံးပြု၍ အမှားအယွင်း နည်းပါးစွာဖြင့် အကောင်းဆုံး လမ်းကြောင်းကို ရွေးချယ်ကာ ဖြည်းညင်းစွာ ဆင်းသက် သွားမည် ဖြစ်ကြောင်း Zhao Xiaojin က ပြောကြားခဲ့သည်။


၁၄ဝ ကီလိုဂရမ် အလေးချိန် ရှိသော အဆိုပါယာဉ် သည်  တောင်ပံ၂ ဖက် ၊ ဘီး ၆ ဘီး ပါရှိကာ ဆိုလာ စွမ်းအင်ကို အသုံးပြု သွားမည် ဖြစ်ပြီး ပြည်တွင်းပြည်ပ မှ တရုတ်နိုင်ငံသား များအနေဖြင့် အဆိုပါ ယာဉ်အတွက် ပေးမည့် နာမည်ကို အင်တာနက် မှတစ်ဆင့် ပေးအပ် တင်သွင်း နိုင်ကြောင်းနှင့် ရွေးချယ် အသုံးပြု ထားသော အမည်များကို အွန်လိုင်း မဲပေး ရွေးချယ်မှု ပြုလုပ်ပြီးနောက် တရားဝင် ပေးသည့် အမည်ကို  နိုဝင်ဘာတွင် ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်းလည်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...