Social Icons

Pages

Sunday, October 27, 2013

စီးပွားဖြစ် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်လှစ်မည်


မန္တလေး ၊ ၂၇-၁၀-၂၀၁၃

အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန ၊ အထက် မြန်မာပြည် ရုံးခွဲ (မန္တလေး) အနေဖြင့် အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်များ အသစ် ပေါ်ထွန်း လာစေရေး၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် စေရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေး နှင့် ညီညွတ်သော စားသောက်ကုန် နှင့် လူသုံးကုန်များ ထုတ်လုပ် တတ်စေရန် ရည်ရွယ်၍ နည်းပညာများ လွှဲပြောင်း ပေးသည့် သင်တန်းများ ဖွင့်လှစ် ပို့ချလျက် ရှိရာ စီးပွားဖြစ် စားသောက်ကုန် ထုတ်လုပ်နည်း ပညာသင်တန်း ကို လာမည့် နိုဝင်ဘာ ၅ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ဖွင့်လှစ် ပို့ချမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် ပဲငံပြာရည် အကြည်/ အပျစ် ထုတ်လုပ်နည်း ၊ ပဲနို့ ထုတ်လုပ်နည်း ၊ ပဲပြား (ဂျပန် Tofu) ထုတ်လုပ်နည်း ၊ ပဲငါးပိရည် အချို အငန် ထုတ်လုပ်နည်း ၊ ခရုဆီ ထုတ်လုပ်နည်း ၊ ဆေးဘဲဥ ထုတ်လုပ်နည်း ၊ သက်သက်လွတ် ငါးပိရည် ထုတ်လုပ်နည်း ၊ ငါးပိရည်ချို အမှုန့် ထုတ်လုပ်နည်း ၊ ငရုပ်ဆီ ထုတ်လုပ်နည်း ၊ ကင်ချီ ထုတ်လုပ်နည်း စသည်များကို သင်ကြား ပြသပေး မည့်အပြင် ဓါတုဆေးဝါး အကြောင်း နှင့် အတိုင်းအတာများ ၊ ဈေးကွက် စီမံခန့်ခွဲမှု ဘာသာရပ်များ လည်း ပါဝင်မည် ဖြစ်ရာ သင်တန်း တက်ရောက် လိုပါက အထက် မြန်မာပြည် ရုံးခွဲ ၈၂ x ၂၅ လမ်းထောင့်၊ အောင်မြေသာစံ မြို့နယ် ၊ ဖုန်း ဝ၂- ၃၉၆ဝ၉ ၊ ဝ၉- ၂ဝဝဝ ၇၃ဝ ၊ ၀၉- ၄ဝ၂၅ ၈၄၇၁၈ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...