Social Icons

Pages

Thursday, October 3, 2013

မြိတ်မြို့၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာ ဆရာမများ သင်ကြားမှု စွမ်းရည် တိုးတက် မြင့်မားရေး သင်တန်းဖွင့်ပွဲ ကျင်းပ



မြိတ် ၊ ၃-၁၀-၂၀၁၃

တနင်္သာရီတိုင်း ဒေသကြီး ၊ မြိတ်မြို့တွင် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း ဆရာ ဆရာမများ သင်ကြားမှု စွမ်းရည် တိုးတက် မြင့်မားရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁ ရက် နံနက် ၈ နာရီတွင် မြိတ်မြို့ နတ်မော် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း၌ ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း ကြီးကြပ်မှု ကော်မတီ ဥက္ကဌ ဆရာတော် အမှူးပြုသော ဆရာတော် ၊ သံဃာတော် အရှင်သူမြတ်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် သင်တန်းသား များ ၊ တက်ရောက် လာကြသူများက အခမ်းအနား ကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိဓဇ ဘဒ္ဒန္တ ဥာဏိသရ နတ်မော် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းအုပ် ဆရာတော် မှ သြ၀ါဒ ကထာ မြွက်ကြားသည်။ ယင်းနောက် မန္တလေး ဖောင်တော်ဦး ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းမှ CPME Training ဆရာတော် ဘဒ္ဒန္တ ပညိန္ဒ က  သင်တန်းနှင့် ပတ်သက်၍ ဆွေးနွေး လျှောက်ထားပြီး စမ်းမြသီတာ သီလရှင် ပညာရေး ကျောင်း (ရန်ကုန်) မှ ဒေါ်ဓမ္မနန္ဒိက မော်ဂျူး(၈)ခု ပညာ သင်ကြားရေး နှင့် ပတ်သက်၍ တင်ပြ လျှောက်ထားသည်။


ဆက်လက်၍ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က ဘုန်းတော်ကြီး သင်ပညာရေး ကဏ္ဍနှင့် ပတ်သက်၍ တင်ပြ လျှောက်ထားပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနား အား ရုပ်သိမ်း လိုက်သည်။ အဆိုပါ သင်တန်းကို တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများမှ ဆရာ ဆရာမမ (၃၀)ဦး တက်ရောက် ခဲ့ကြပြီး သင်တန်း ကာလမှာ (၃၃)ရက် ဖြစ်သည်။ သင်တန်းတွင် သင်ကြား သင်ယူမှု လိုအပ်ချက် နှင့် ပုံစံများ ၊ သင်ကြား သင်ယူမှု နည်းဗျူဟာများ ၊ အတန်း စီမံခန့်ခွဲခြင်း ၊ သင်ကြား သင်ယူမှု သင်ထောက်ကူ ပစ္စည်းများ ၊ စစ်ဆေး အကဲဖြတ်ခြင်း လုပ်ငန်း ၊ သင်ပြမှု ပုံစံ ရေးဆွဲခြင်း ၊ ကျွမ်းကျင် ဆရာနှင့် ပြန်လည် သုံးသပ်ခြင်း ၊ မိဘရပ်ရွာ နှင့် ပူးပေါင်း လုပ်ဆောင်သော ကျောင်း အဖွဲ့အစည်း ဘာသာရပ်များ သင်ကြား ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...