Social Icons

Pages

Thursday, October 10, 2013

ရေကြီးမှုကြောင့် ပျက်စီး သွားသည့် တံတားများအား ပြန်လည် ပြုပြင်ရန် တွေ့ဆုံဆွေးနွေး



မုံရွာ ၊ ၁၀-၁၀-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့ ၊ မင်္ဂလာ ဥယျာဉ် ရပ်ကွက်ရှိ  မြို့တော်ခန်းမ ၌ ကလေးမြို့နယ် အတွင်း ရေကြီးမှုကြောင့် ပျက်စီး သွားသည့် တံတားများကို ပြုပြင်ရန် အတွက် မြို့ပေါ်ရှိ ကုန်သည် လုပ်ငန်းရှင် များအား တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲ သို့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်  စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးစိန်မောင်း ၊ ကလေးခရိုင် / မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီ အဖွဲ့ဝင်များ ၊ လုပ်ငန်းရှင်များ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့  စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးစိန်မောင်း က အဖွင့် အမှာစကား ပြောကြား ခဲ့ပြီး ကလေးခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးမောင်ထူး ၊ ကလေးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးအေးနိုင် နှင့် မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီ ဥက္ကဌ ဦးသန်းထွန်း တို့က ကလေးမြို့နယ် အတွင်း မိုးအဆက်မပြတ် ရွာသွန်း မှုကြောင့် နေရဉ္စရာ ချောင်း ၊ ဥပုဒ်ချောင်း နှင့် နန်ကလိန် ချောင်းများမှ ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့ သဖြင့် တံတားများ ၊ အိမ်ဝင်းများ ပျက်စီးခဲ့မှု အခြေအနေများ ၊ ရေဘေးသင့် ဒေသခံ များ၏ နေထိုင် စားသောက်မှု အခြေအနေများ ၊ အစိုးရအဖွဲ့အစည်းများ နှင့် ပြည်သူလူထု တို့၏ ကူညီခဲ့မှု အခြေအနေ များအား ရှင်းလင်း ပြောကြားကာ ကလေးမြို့နယ် တွင် ကျောင်းသား ကျောင်းသူများ ၊ ပြည်သူများ နေ့စဉ် ကူးသန်း သွားလာနေသည့် ကလေးမြို့ ၊ ပင်လုံရပ်ကွက်ရှိ သစ်သား ဘေလီ ဆိပ်ကမ်းသာ တံတားနှင့် ပျဉ်းတောဦး ကျေးရွာရှိ သံကူ ကွန်ကရစ် တံတားများအား အမြန်ဆုံး ပြုပြင်နိုင်ရေး အတွက် မြို့ခံ စီးပွားရေး လုပ်ငန်းရှင်များမှ အလှူငွေများ ထည့်ဝင် ကူညီ လှူဒါန်းရေး တို့နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။


ယင်းနောက် ကမ္ဘောဇဘဏ် မှ လှူဒါန်းသည့် ငွေကျပ်(၅၃) သိန်းကို ကလေးမြို့ ၊ ကမ္ဘောဇ ဘဏ်ခွဲ မန်နေဂျာ ဒေါ်ယမင်းအေး က ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်  စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးစိန်မောင်း က လက်ခံ ရယူခဲ့ပြီး မော်တော်ယာဉ် လိုင်းများ ၊ ယာဉ်ပိုင်ရှင်များ ၊ စက်သုံးဆီ အရောင်းဆိုင်များ ၊ စတိုးဆိုင် ပိုင်ရှင်များ ၊ ကုန်သည်များမှ လှူဒါန်းသည့် အလှူငွေ စုစုပေါင်း (၅၃၃၅ဝဝဝိ/-) ကို တာဝန်ရှိ သူများက လက်ခံရယူ ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...