ရန်ကုန် ၊ ၁၇-၉-၂၀၁၃
ရန်ကုန် အနောက်ပိုင်း ခရိုင် မူးယစ်အထူး
(အဖွဲ့) မှ တပ်ဖွဲ့ဝင်များ နှင့် ထောက်ကြန့် နယ်မြေ ရဲစခန်း မှ တပ်ဖွဲ့ဝင်များ သည်
စက်တင်ဘာလ ၁၅ ရက် ည ၁၀ နာရီခွဲ ခန့်က မူးယစ်ဆေးဝါး သတင်းအရ သက်သေ များနှင့်အတူ မင်္ဂလာဒုံ
မြို့နယ် ၊ ထောက်ကြန့် ပဲခူးလမ်း ရပ်ကွက် ၊ ဘုန်းကြီးကျောင်း လမ်း(ခ) ၊ အောင်မင်္ဂလာလမ်း
အမှတ်(၁)ရှိ သန်းစိုး ၃၇ နှစ်၏ နေအထမ်ကို ၀င်ရောက် ရှာဖွေ ခဲ့ကြသည်။
ထိုသို့ ရှာဖွေရာ နေအိမ် ဘုရားစင်ပေါ်
သစ်သားပေါင် အတွင်း မှ WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၃၉၅၆ ပြား ၊ အလေးချိန်
၃ ဒသမ ၃၉ ကီလိုဂရမ် ၊ Austria နိုင်ငံလုပ် အနက်ရောင် ပစ္စတို တစ်လက် ၊ ၄င်းကျည် ၁၁ တောင့်
၊ ကျည်ကတ် တစ်ခု တို့ကို တွေ့ရှိ သိမ်းဆည်း ရမိသည်။ အဆိုပါ ပစ္စည်း များမှာ ၄င်းအိမ်၌
လာရောက် တည်းခိုသည့် ဦးနိုးရယ် ၃၉ နှစ် နှင့် ဒေါ်နန်းမာယာ ၃၉ နှစ်တို့၏ ပစ္စည်းများ
ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရပြီး တရားခံ များအား ထောက်ကြန့် ရဲစခန်းမှ မယ (ပ) ၁/၂၀၁၃
မူးယစ် ပုဒ်မ ၁၅/ ၁၉(က) / ၂၁ / ၂၂(ခ) ဖြင့် အမှုဖြင့် အရေးယူ ထားကြောင်း သိရှိရသည်။
(၁၀၀)
No comments:
Post a Comment