Social Icons

Pages

Thursday, September 19, 2013

ကလေးများအား နှိပ်စက်သတ်ဖြတ်၍ စားသောက်ရန် ကြံစည်ခဲ့သော ဗြိတိန်နိုင်ငံသားတစ်ဦးအား ထောင်ဒဏ် ၂၇ နှစ်ချမှတ်


ဝေါဆက်စတာ ၊ ၁၉-၉-၂၀၁၃

ဗြိတိန်နိုင်ငံမှ အမျိုးသား တစ်ဦးသည် အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ်ရှိ ၄င်း၏ နေအိမ်၌ တည်ဆောက် ထားသော အသံလုံ မြေအောက်ခန်း တစ်ခုတွင် ကလေးများအား ပြန်ပေးဆွဲ ၊ ညှဉ်းပန်း နှိပ်စက်၍ စားသောက် ရန် ကြံစည်ခဲ့သည် ဟု ဝန်ခံ ပြောကြား ခဲ့ပြီးနောက် ၄င်းအား အမေရိကန် တရားရုံး တစ်ရုံးက စက်တင်ဘာ ၁၇ ရက်တွင် ထောင်ဒဏ် ၂၇ နှစ်ချမှတ် ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရသိရသည်။

အသက် ၄ဝ နှစ်အရွယ် ဂျက်ဖရီ ပေါ့တ်ဝေး (ပုံ) အမည်ရှိ အဆိုပါ အမျိုးသားသည် ကာမရာဂ စိတ်ဖြင့် ကလေး များအား ပြန်ပေးဆွဲခြင်း ၊ သတ်ဖြတ်ခြင်း အပါအဝင် အကြမ်းဖက် မှုများကို လုပ်ဆောင်ရန် ကြံစည်ခဲ့သည် ဟု မေလအတွင်း က ဝန်ခံပြောကြား ခဲ့ပြီးနောက် ၄င်းအား ဝေါဆက်စတာ မြို့ရှိ ခရိုင်တရားရုံးမှ တရားသူကြီး တီမိုတီဟေးလ်မန်း က ထောင်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များနှင့် ဗဟို စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များ သည် လွန်ခဲ့သော နှစ်က ဝေါဆက်စတာ မြို့ရှိ ပေါ့တ်ဝေး ၏ နေအိမ်သို့ ၀င်ရောက် စစ်ဆေးခဲ့ရာ ၄င်း၏ နေအိမ် အသံလုံ မြေအောက်ခန်း တစ်ခု ၊ ကလေးငယ် များ၏ ရုပ်အလောင်းများ ၊ စတီးလှောင် အိမ်များနှင့် သားသတ်သမား အသုံးအဆောင် ပစ္စည်းများကို တွေ့ရှိခဲ့ သည့်အပြင် ၄င်း၏ ဝက်ဘ်ဆိုက်ပေါ် တွင် ကလေးငယ် ၄၅ဝဝ ကျော်အား မြှူဆွယ်သည့် သက်သေ အထောက် အထား ပစ္စည်းများ ကိုလည်း တွေ့ရှိခဲ့ ကြောင်း အစိုးရရှေ့နေ များ၏ ပြောကြားချက်အရ သိရသည်။


ယင်းကဲ့သို့ လုပ်ဆောင်မှု များကြောင်း ပေါ့တ်ဝေးသည် အမေရိကန် အကျဉ်းထောင် တွင် ထောင်ဒဏ် ကျကခံရမည် ဖြစ်ပြီး ထောင်မှ လွတ်မြောက် လာပြီးနောက် တွင် ဗြိတိန်နိုင်ငံ သို့ နယ်နှင်ဒဏ် ပေးခံရမည် ဖြစ်သည့် အပြင် ၄င်း၏ ၀က်ဘ်ဆိုက် ပေါ်တွင် တွေ့ရှိခဲ့သည့် ကလေးငယ် ၅ ဦးကိုလည်း နစ်နာကြေး အဖြစ် အမေရိကန် ဒေါ်လာ ၃၀၀၀ စီ ပေးဆောင် ရမည် ဖြစ်ကြောင်း သိရှိရသည်။ (အင်တာနက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...