Social Icons

Pages

Tuesday, September 10, 2013

တရုတ်နိုင်ငံတွင် ကျင်းပမည့် အာရှ - ပစိဖိတ်ဒေသတွင်း ရိုးရာ လက်မှု အနုပညာပြပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ မှ ထွေးဦး မြန်မာရုပ်စုံ အဖွဲ့သွားရောက် ပြသမည်


ယခုနှစ် ဇူလိုင်လ အတွင်းက သွားရောက်ပြသခဲ့သည့် 
အမေရိကပွဲကို တွေ့ရစဉ်

ရန်ကုန် ၊ ၀၁-၉-၂၀၁၃

တရုတ်နိုင်ငံ Hang Zhou မြို့တွင် ကျင်းပမည့် အာရှ - ပစိဖိတ် ဒေသတွင်း ရိုးရာ လက်မှု အနုပညာ ပြပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ထွေးဦး မြန်မာ့ ရိုးရာရုပ်စုံ အဖွဲ့သွား ရောက်ပြသ မည်ဟု ထွေးဦး မြန်မာရုပ်စုံ အဖွဲ့ထံမှ သိရသည်။

အဆိုပါပွဲသို့ ထွေးဦး မြန်မာရုပ်စုံ အဖွဲ့တက်ရောက်ရန် CRIHAP International Training Center for Intangible Cultural Heritage in the Asia - Pacific Region under the Auspices of UNESCO မှ ဖိတ်ကြားခြင်း ဖြစ်သည်။ အာရှ - ပစိဖိတ် ဒေသတွင်း ရိုးရာလက်မှု အနုပညာ ပြပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံ မှ ဦးခင်မောင်ထွေး (ထွေးဦး မြန်မာ ) နှင့် ဒေါ်တင်တင်ဦး ( ထွေးဦး မြန်မာ ) တို့ တက်ရောက် ပြသမည် ဖြစ်သည်။


''ကျွန်တော်တို့ နိုင်ငံတကာ အနုပညာ ပြပွဲနဲ့ ဖျော်ဖြေပွဲ တွေကို တက်ရောက်ခဲ့ ပါတယ် ၊ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ပွဲကတော့ ပထမဆုံး အကြိမ် တက်ရောက် မှာပါ ၊ ကျွန်တော် ဒီလိုပွဲမျိုးမှာ မြန်မာ့ ရိုးရာယဉ်ကျေးမှု လက်မှု အနုပညာ ပစ္စည်း တစ်ခုဖြစ်တဲ့ ကြိုးဆွဲ ရုပ်သေး တွေကို သွားရောက် ပြသပြီး ဆွေးနွေးခွင့် ရတဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူမိ ပါတယ် ... '' ဟု ထွေးဦးမြန်မာ ရုပ်စုံအဖွဲ့မှ ဆရာ ဦးခင်မောင်ထွေး က ပြောပြ ခဲ့သည်။ ပြည်ပနိုင်ငံ များတွင် ရောင်းချသည့် မြန်မာ့ရိုးရာ ရုပ်သေးရုပ်များ ၏ ကွဲပြားမှုနှင့် အနှစ်သာရ ကွာဟချက်များ အပေါ် ဆရာ ဦးခင်မောင်ထွေး ( ထွေးဦး မြန်မာ ) က '' များသော အားဖြင့် နိုင်ငံ ခြားသားတွေကို ရောင်းချဖို့ ရွှေချည်ထိုး ရုပ်သေးရုပ် တွေကိုသာ ယူဆောင်ပြသ တာ တွေ့ရပါတယ် ၊ ရွှေချည်ထိုးရုပ် သေးရုပ်တွေရဲ့ အရွယ်အစား ၊ ခန္ဓာကိုယ် အချိုးအစား ၊ အသုံးပြုတဲ့ သစ်သားနဲ့ ကြိုးတပ်ဆင်ပုံ တွေက အမှန်တကယ် ကြိုးဆွဲ ကပြလို့ မရပါဘူး ၊ အလှချိတ် ရုပ်သေးရုပ် တွေပါ ၊ နောက်ပြီး ရုပ်သေးရုပ် တွေကို အဟောင်းနဲ့ တူအောင် လုပ်ပြီး ရောင်းတာတွေ ရှိပေမဲ့ တကယ့် ရုပ်သေးရုပ် အဟောင်းနဲ့ မတူဘဲ တမင် လုပ်ထားမှန်း သိသာပါတယ်။ မြန်မာ့ရိုးရာ ရုပ်သေးရုပ် စစ်စစ်ကို ကိုယ်စားမပြု တာကြောင့် မြန်မာ့ရုပ်သေး ရဲ့ အနှစ်သာရနဲ့ တန်ဖိုးကို လည်းကျဆင်း စေပါတယ် ၊ ဒါ့ကြောင့် အခုလို ပွဲမျိုးမှာ စနစ်တကျ ထုလုပ်ထားပြီး အမှန်တကယ် ကပြနိုင်တဲ့ ရုပ်သေးရုပ် တွေကို ပြသနိုင်ရုံ သာမကဘဲ မြန်မာ့ရုပ်သေး အကြောင်းကို အလုပ်ရုံ ဆွေးနွေးပွဲမှာ တင်ပြ ဖော်ထုတ်နိုင်တဲ့ အတွက်များစွာ တန်ဖိုး ရှိပါတယ် ၊ ဘိုးဘွားတွေ ထားခဲ့တဲ့ အမွေအနှစ် လက်မှု အနုပညာ ပစ္စည်းတစ်ခုကို ပြသပြီး ကိုယ့်တိုင်းပြည် ရဲ့ ယဉ်ကျေးမှု အဆင့်အတန်း ကို ကမ္ဘာက သိအောင် ပြနိုင်မှာ ဖြစ်တဲ့အတွက် လွန်စွာနှစ်ထောင်း အားရ ဖြစ်မိ ပါတယ် " ဟု ဖွင့်ဆို ပြောကြား ခဲ့သည်။ ယင်းပြပွဲတွင် မြန်မာ နိုင်ငံမှ မြန်မာ့ရုပ်ရာ ရုပ်သေးရုပ်များ ပြခန်းကို တင်ပြ ဆွေးနွေးမည်ဟု သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...