Social Icons

Pages

Wednesday, September 11, 2013

အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ်တစ်စီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိ


နေပြည်တော် ၊ ၁၁-၉-၂၀၁၃

မြန်မာ့ တပ်မတော် (ရေ) အနေဖြင့် နိုင်ငံတကာ ရေတပ်များ နှင့် ပူးပေါင်း ဆောင်ရွက်မှု ၊ အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု များ တိုးမြှင့် ဆောင်ရွက်လျက် ရှိရာ မြန်မာ့ တပ်မတော် ၏ ဖိတ်ကြားချက် အရ အိန္ဒိယ နိုင်ငံ ရေတ်မှ FAC အမျိုးအစား INS Bangaram ( T- 65 ) စစ်ရေယာဉ် သည် မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ယမန်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့ သန်လျင် သီလ၀ါ ဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိ လာရာ တပ်မတော် (ရေ) မှ အရာရှိ ၊ စစ်သည်များက လှိုက်လှဲစွာ ကြိုဆို ကြသည်။


အဆိုပါ စစ်ရေယာဉ် နှင့်အတူ အိန္ဒိယ ရေတပ်မှ ဦးစီးအရာရှိ ၈ ဦး ၊ စစ်သည် ၄၅ ဦး လိုက်ပါ လာပြီး စက်တင်ဘာလ ၁၂ ရက်အထိ ၃ ရက်ကြာ နေထိုင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။(၁၀၀)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...