Social Icons

Pages

Thursday, August 15, 2013

Showcase Malaysia 2013 ကျင်းပမည်


ရန်ကုန် ၊ ၁၅-၈-၂၀၁၃

Malaysia External Trade Development Corporation ( MATRADE ) က ဦးဆောင်၍ မလေးရှား လုပ်ငန်းရှင်များ ပါဝင် ပြသမည့် Showcase Malaysia 2013 ကို စက်တင်ဘာလ ၅ ရက်မှ ၈ ရက်ထိ ရန်ကုန်မြို့ ဦးဝိစာရလမ်း ရှိ တပ်မတော် ခန်းမ၌ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မလေးရှား ထုတ်ကုန်ပြပွဲတွင် လူသုံးကုန်များ ၊ အလှကုန်များ ၊ စားသောက်ကုန်များ ၊ ကျန်းမာရေးသုံး ပစ္စည်းများ ၊ အထည်အလိပ်များ ၊ ကားဘက်ထရီများ ၊ တာယာများ ၊ လုံခြုံရေး စက်ပစ္စည်းများ နှင့် ကုန်ပစ္စည်း မျိုးစုံတို့ကို ခင်းကျင်း ပြသ သွားမည် ဖြစ်သည်။ အဆိုပါ ပြပွဲကာလ အတွင်း မလေးရှား စီးပွားရေး လုပ်ငန်းရှင်များ နှင် အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် လုပ်ငန်း အလိုက် တွေ့ဆုံ ဆွေးနွေးပွဲများ ကိုလည်း ကျင်းပ သွားမည် ဖြစ်သည်။


အဆိုပါ ပြပွဲသို့ တက်ရောက် လိုသူများ အနေဖြင့် Reply Slip တွင် ပြည့်စုံစွာ ဖြည့်စွက်၍ Malaysiashow2013@gmail.com သို့ ပေးပို့ရမည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဖုန်း ၀၁- ၂၁၄ ၃၄၄ နိုင်ငံတကာ ဆက်ဆံရေး ဌာန ird.umfcci29@gmail.com သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...