Social Icons

Pages

Wednesday, August 21, 2013

NAWADAY ART GALLERY AUGUST ART ပန်းချီပြပွဲ အထူးအစီအစဉ် ပုံတူပန်းချီ ရေးဆွဲပွဲကျင်းပ

ရန်ကုန် ၊ ၂၁-၈-၂၀၁၃

NAWADAY ART GALLERY AUGUST ART SHOW ပန်းချီပြပွဲ ကို သြဂုတ်လ ၁၀ ရက်မှ ၂၈ ရက်နေ့ အထိ ပြသလျက် ရှိရာ ပြပွဲ၏ အထူးအစီအစဉ် အနေဖြင့် သြဂုတ်လ ၁၉ ရက်တွင် မော်ဒယ်လ် သဒ္ဒါဝင့်ဝါ ၏ ပုံတူပန်းချီ ကို ပန်းချီ ဆရာကြီးများ ဖြစ်သော ပန်းချီ မွန်သက် ၊ ပန်းချီ ဇော်ဝင်းဖေ ၊ ပန်းချီ သန်းကြွယ် ၊ ပန်းချီ ၀င်းမြင့်မိုး ၊ ပန်းချီ ဟန်ဇာဟိန်း ၊ ပန်းချီ ၀င်းအောင် ၊ ပန်းချီ ကောင်းစည်သူ ၊ ပန်းချီ သက်ထွန်းဦး ၊ ပန်းချီ သက်မော် ၊ ရွှေသိန်း ၊ ပန်းချီ ဇော်ဇော်ကို ၊ ပန်းချီ သန့်ဇင် ၊ ပန်းချီ လှထွဏ်းအောင် ၊ ပန်းချီ အောင်စည်သူလှိုင် နှင့် ပန်းချီ ကျော်သူရိန် စသည့် ပန်းချီဆရာ များက လက်တွေ့ ပုံတူ ရေးဆွဲခြင်း အစီအစဉ် ကို ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းချီ ပြပွဲတွင် နာမည်ကြီး ပန်းချီဆရာ ၂၈ ဦးတို့၏ ပန်းချီလက်ရာ ၇၂ ကားကိုလည်း ပြသထားပြီး ၊ ပန်းချီကား များကို Water Colour ဆီဆေး နှင့် Acrylic တို့ဖြင့် ရေးဆွဲ ထားကြောင်း သိရသည်။


ပန်းချီပြပွဲ ကို စိတ်ပါ ၀င်စားသူ ၊ ပန်းချီကား များကို ချစ်မြတ်နိုးသူ များသည် NAWADAY ART GALLERY AUGUST ART SHOW ပြပွဲကို အမှတ် ၂၇ ၊ န၀ဒေးလမ်း ရှိ န၀ဒေး Gallery တွင် သြဂုတ်လ ၂၈ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း ပြသလျက် ရှိရာ မည်သူမဆို အခမဲ့ ကြည့်ရှု နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...