ရန်ကုန် ၊ ၃၀-၈-၂၀၁၃
ရုရှားနိုင်ငံ ၊ မော်စကိုမြို့ တွင်
မယ်စကြာဝဠာ ပြိုင်ပွဲကို လာမည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် ကျင်းပ ပြုလုပ်မည်
ဖြစ်ရာ အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ မှ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ
ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် Miss Universe Myanmar ပြိုင်ပွဲကို အောင်တိုဘာ
လဆန်းတွင် ကျင်းပမည် ဖြစ်ရာ ပြိုင်ပွဲ ၀င်ခွင့် လျှောက်လွှာ များကို Hello Madam တွင်
အခမဲ့ ထုတ်ယူနိုင်ပြီး တိုက် ( A.3.1 )၊ အခန်း ၇၀၃ ၊ မြန်မာ့ဂုဏ်ရည် အိမ်ရာ ၊ အထက်
ပန်းဆိုးတန်းလမ်း ၊ မင်္ဂလာ တောင်ညွန့်မြို့နယ် ၊ ရန်ကုန်မြို့ သို့ ပြိုင်ပွဲဝင် လျှောက်လွှာများ
ပေးပို့ ရမည် ဖြစ်ကြောင်း သိရသည်။
Miss Universe ပြိုင်ပွဲဝင် များသည်
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည့် အပြင် အသက်
၂၇ နှစ်ထက် မကြီးသူ ဖြစ်ရမည် ဖြစ်ကာ အရပ်အမြင့် ၅ ပေ ၆ လက်မနှင့် အထက် ရှိရမည် ဖြစ်သည်။
ပြိုင်ပွဲတွင် Miss Universe Myanmar ပထမဆု အတွက် ငွေကျပ် သိန်း ၁၀၀ ၊ 1st Runner
up ဆုအတွက် ငွေကျပ် သိန်း ၅၀ ၊ 2nd Runner up ဆုအတွက် ငွေကျပ် ၂၅ သိန်း အပြင် ဆန်ခါတင်
၁၅ ဦးအား ငွေကျပ် ၃ သိန်းစီ ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment