ရန်ကုန် ၊ ၂၄-၈-၂၀၁၃
ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်မှု
ရှိ- မရှိကို စစ်ဆေးရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း ဗဟို အစားအသောက် နှင့် ဆေးဝါး
ကွပ်ကဲရေး ဌာန ( FDA ) မှ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော် က ပြောကြား ကြောင်း သိရသည်။

ငါးပိဖြစ်ရန် လအတန်ကြာ အချိန်ယူ ရသည်ဖြစ်ရာ
ငါးပိ မြန်မြန်ပေါ်ရန် ငါးအရိုးများ ဆွေးမြေ့ မြန်စေသည့် ဓာတ်မြေသြဇာ တွင် ပါဝင်သော
အက်စစ်ဓာတ် ကို အသုံးပြုခြင်း ဖြစ်နိုင်ကြောင်း ၊ ယူရီးယား ဓာတ်မြေသြဇာ တွင် ပါဝင်သော
Carcinogenic Activit မှာ ကင်ဆာရောဂါကို ဆိုးရွားစွာ ဖြစ်စေ နိုင်ကြောင်း သိရသည်။ ကျန်းမာရေး
ဝန်ကြီးဌာန အနေဖြင့် အစားအသောက် တွင် သုံးစွဲခွင့် မပြုသော ဓာတုပစ္စည်း များကို သုံးစွဲခြင်း
မပြုရန် တားမြစ် ထားကြောင်းလည်း သိရှိရသည်။
No comments:
Post a Comment