Social Icons

Pages

Wednesday, August 28, 2013

ရန်ကုန်မြို့တွင် တရားမ၀င် တိုင်းရင်းဆေးခန်း များအား လိုက်လံ ပိတ်သိမ်း


ရန်ကုန် ၊ ၂၈-၈-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ တွင် တရားမဝင် ဖွင့်လှစ် နေသော တိုင်းရင်း ဆေးခန်းများကို သက်ဆိုင်ရာမှ လိုက်လံ စစ်ဆေးကာ ပိတ်သိမ်း လျက်ရှိပြီး ထိုသို့ လိုက်လံ ပိတ်သိမ်းရာ၌ သတိပေး တားမြစ်သည့် အနေဖြင့်သာ ယာယီ ပိတ်သိမ်း ခိုင်းပြီး ဆေးခန်း ပြန်ဖွင့်ခွင့် ရရှိစေရန် ကျန်းမာရေး ဦးစီးဌာနတွင် စည်းမျဉ်း စည်းကမ်း များနှင့်အညီ ဆေးခန်း မှတ်ပုံတင်များ ပြန်လုပ်ခိုင်း ထားသည်ဟု သိရသည်။

အပိတ်ခံရသော ဆေးခန်းများမှာ ကျန်းမာရေး ဦးစီးဌာနတွင် မှတ်ပုံတင် ထားခြင်း မရှိသော ဆေးခန်းများ ၊ ဆေးခန်း မှတ်ပုံတင်ရာတွင် အချက်အလက် ပြည့်စုံ မှန်ကန်ခြင်း မရှိသော ဆေးခန်းများ နှင့် မှတ်ပုံတင် သက်တမ်း လွန်နေ သောဆေးခန်း များ ဖြစ်ြက သည်ကို တွေ့ရသည်။ လိုက်လံ စစ်ဆေးရာ ၌လည်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက် နှင့်အညီ မြို့နယ် ကြီးကြပ်ရေး ကော်မတီများမှ သက်ဆိုင်ရာ မြို့နယ်များ အတွင်း လိုက်လံ စစ်ဆေးရာ ရန်ကုန်တိုင်း ဒေသကြီး တစ်ခုလုံးတွင် စုစုပေါင်း ဆေးခန်း အရေအတွက် တစ်ရာ နီးပါးကို ပိတ်သိမ်း ခဲ့ရပြီး အများစုမှာ ယာယီ ပိတ်သိမ်း ခံရခြင်းဖြစ်ကာ အပြီးတိုင် ပိတ်သိမ်း ခံရသော ဆေးခန်းမှာ အနည်း အကျဉ်းသာ ရှိကြောင်း သိရသည်။

နိုင်ငံတော်တွင် တိုင်းရင်းဆေးခန်း များနှင့် ပတ်သက်သော ဥပဒေအခန်း ကဏ္ဍများ အတိအကျ သီးသန့်ပြဋ္ဌာန်း သတ်မှတ် ထားခြင်းများ မရှိသေး သော်လည်း မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီ၏ သတ်မှတ်ချက် အရ တိုင်းရင်းဆေးခန်း ဖွင့်လိုသူများသည် နိုင်ငံတော် မှ အသိအမှတ် ပြုထားသည့် တိုင်းရင်းဆေး ကုသခွင့် လက်မှတ်ရှိသော နိုင်ငံသား များသာ ဖြစ်ရမည်ဟု သတ်မှတ် ထားရာ နိုင်ငံခြားသား တိုင်းရင်းဆေး ဆရာများကို ပြည်တွင်း၌ တရားဝင် တိုင်းရင်းဆေး ကုသခွင့် မပြုထား ကြောင်းသိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...