၂၂-၈-၂၀၁၃

လက်မှတ် ၀ယ်လိုသူ အများစုတွင် ဘရာဇီးနိုင်ငံ
သားများအပြင် ၊ အာဂျင်တီးနား ၊ အမေရိကန် ပြည်ထောင်စု ၊ ချီလီ နှင့် ဗြိတိန် နိုင်ငံတို့က
ဘောလုံး ၀ါသနာအိုး အများဆုံး ပါဝင်ကြောင်း လည်း သိရသည်။ ၂၀၁၄ ခုနှစ် ဇွန်လ ၁၂ ရက်တွင်
ကျင်းပမည့် ဖွင့်ပွဲနှင့် ရီယိုဒီဂျနေးရိုးမြို့ က မာရာကားနား ဘောလုံးကွင်းကြီး ၌ ကစားမည့်
ဗိုလ်လုပွဲ တို့သည် ပရိသတ် အများဆုံး အားပေး ကြမည် ဖြစ်သည်။ ကမ္ဘာတစ်ဝန်း အားကစား ၀ါသနာရှင်
ပရိသတ်များ အနေဖြင့် ယခုနှစ် အောက်တိုဘာလ ၁၀ ရက်အထိ ပွဲစဉ် လက်မှတ် များကို အွန်လိုင်းက တစ်ဆင့် ၀ယ်ယူ နိုင်ကြောင်း သိရှိရသည်။
<< http://www.fifa.com/worldcup/organisation/ticketing/index.html
>>
No comments:
Post a Comment