Social Icons

Pages

Sunday, July 21, 2013

မိုဘိုင်းလ်ဖုန်းများ Message မှတစ်ဆင့် အင်တာနက် လျှောက်ရာတွင် CDMA ဖုန်းများ လျှောက်ထားနိုင်ဦးမည်မဟုတ်


ရန်ကုန် ၊ ၂၁-၇-၂၀၁၃

သြဂုတ်လ ၁ ရက်မှ စတင်၍ မိုဘိုင်းလ်ဖုန်းများ Message မှတစ်ဆင့် အင်တာနက် လျှောက်ထားခွင့် ပြုရာတွင် GSM နှင့် WCDMA ဖုန်းများသာ ပေးပို့ လျှောက်ထား နိုင်မည် ဖြစ်ပြီး CDMA ဖုန်းများမှာမူ လျှောက်ထား နိုင်ဦးမည် မဟုတ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

" CDMS အတွက် စနစ်က အဆင်သင့် မဖြစ်သေးလို့ပါ ၊ ဒါကြောင့် ငွေကျပ် ၁၅၀၀ တန် MEC ဖုန်းကတော့ သက်ဆိုင်ရာ အင်တာနက် လျှောက်တဲ့ နေရာတွေမှာ လူကိုယ်တိုင် သွားလျှောက် ရမှာပါ ... " ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ GSM နှင့် WCDMA ဖုန်းများ အင်တာနက် သုံးစွဲမှု ကို Message ပေးပို့၍ လျှောက်ထား ရာတွင် Message နံပါတ် ၁၃၃ သို့ Order Data Service ဟု ရိုက်ထည့် ပေးပို့ ရမည် ဖြစ်သည်။


Message ပေးပိုရန် အတွက် မိမိ ဖုန်းဘီလ်တွင် အင်တာနက် လျှောက်ထားခ အတွက် ငွေကျပ် တစ်သောင်း ကြိုတင် ဖြည့်သွင်းထားရန် လိုအပ်ကြောင်း လည်း သိရသည်။ အဆိုပါ အင်တာနက် စနစ်ကို အသုံးပြု သူအတွက် GSM ကို တစ်မိနစ် ၂ ကျပ် နှင့် WCDMA ကို တစ်မိနစ် ၄ ကျပ်နှုန်းဖြင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...