ရန်ကုန် ၊ ၂၁-၇-၂၀၁၃
ပြည်တွင်း မော်တော်ယာ် ဈေးကွက်တွင်
အဓိက တင်သွင်း ရောင်းချနေသော ကားအမျိုးအစား များမှာ အင်ဂျင်ပါဝါ ၁၃၀၀ စီစီ နှင့် ၁၅၀၀
စီစီ များသာ အများဆုံး ဖြစ်သောကြောင့် ၀န်နှင့်အား မမျှတပါက ကားစက် အင်ဂျင် ကို အမြန်ဆုံး
ထိခိုက်ပျက်စီး စေနိုင်ကြောင်း ကား အရောင်းပြခန်း များမှ တာဝန်ရှိသူ များက အကြံပြု
ပြောကြား ခဲ့သည်။
မြို့ပြ နှင့် ကျေးလက် ဒေသများတွင်
ဈေးနှုန်း သင့်တင့်သော ကားအမျိုးအစား များကို ၀ယ်ယူရာ၌ အဓိက အသုံးပြုမှု မှာ လုပ်ငန်းသုံး
ပြုလုပ်ခြင်း ဖြစ်ပြီး ကုန်ပစ္စည်း ပိုမို တင်ဆောင် နိုင်ရန် နောက်အခန်း ပါသော ဂျပန်ကား
အမျိုးအစား ဖြစ်သည့် ပရိုဘောက်စ် ကားများ ဖြစ်ပြီး ယင်းကား များမှာ အင်ဂျင်ပါဝါ နည်းသောကြောင့်
ဝန်နှင့်အား မမျှသော ပြုလုပ် ဆောင်ရွက် မှုများ ကို ရှောင်ကြဉ်ရန် လိုအပ်ကြောင်း အင်ဂျင်ပိုင်း
ကျွမ်းကျင်သူ အင်ဂျင်နီယာ တစ်ဦးက ပြောကြား ခဲ့သည်။
" အချို့ ကားပိုင်ရှင် တွေကသာ
သူတို့ကား ကို သက်သက်ညှာညှာ မောင်းကြတာ ၊ အငှား မောင်းသူတွေက အံနာကြေး ပြည့်မီအောင်
မောင်းရတော့ ကားနာ နိုင်ပါတယ် ... " ဟု အရောင်းစင်တာ မှ ဈေးကွက် တာဝန်ရှိသူ တစ်ဦးက
သုံးသပ် ပြောကြား ခဲ့သည်။
ယခုအချိန် တွင် မြန်မာနိုင်ငံ သို့
တင်သွင်း လာသော ကားများမှာ မော်ဒယ်လ်မြင့် ကားများသာ အများဆုံး ဖြစ်၍ ချက်ချင်း ပျက်စီးမှု
မရှိနိုင်ဘဲ အကြောင်း အမျိုးမျိုးကြောင့် အင်ဂျင်ပါဝါနှင့် မမျှသော ကုန်ပစ္စည်းများ
တင်ဆောင်မှု နှင့် ခရီးကြမ်း အသုံးပြုမှု များမှသာ အင်ဂျင်ကို ထိခိုက် စေနိုင်ကြောင်း
သိရသည်။
ယင်းကဲ့သို့ အင်ဂျင်ပါဝါ နှင့် မမျှသော
ဝန်များ သယ်ဆောင်မှု နှင့် ခရီးကြမ်း မောင်းနှင်မှု များကြောင့် မကြာခဏ အင်ဂျင် အပူချိန်
မြင့်တက်ပြီး အင်ဂျင် ပျက်စီးမှုများ ဖြစ်ပေါ် နေကြောင်း သိရသည်။ မြန်မာ့ ကားဈေးကွက်
တွင် နိုင်ငံခြားငွေ ချွေတာရေး ၊ စက်သုံးဆီ ချွေတာရေး နှင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရေး
တို့အတွက် အင်ဂျင်ပါဝါ သေးသော မော်တော်ယာဉ် များကိုသာ အဓိက တင်သွင်းခွင့် ပြုထားကြောင်း
သိရှိရသည်။


No comments:
Post a Comment