Social Icons

Pages

Thursday, July 4, 2013

ရထားကဲ့သို့ ချိတ်ဆက်ထားသော ကား BRT စနစ် မြန်မာနိုင်ငံတွင် ကျင့်သုံးရန် စီစဉ်နေ


ရန်ကုန် ၊ ၄-၇-၂၀၁၃

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီမှ စတင်ပြီး မော်တော်ယာ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) မှ ယာဉ်လုပ်ငန်း များကို စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ကော်မတီ (ဗဟို) အနေဖြင့် ခရီးသည်များ သွားလာရေး သာမက ကျောင်းသား ကျောင်းသူ များ၏ ကြို/ပို့ သယ်ယူရေး ကိုပါ ပြုလုပ် ခဲ့သည်။ မကြာမီ ကျင်းပတော့မည့် ဆီးဂိမ်း ပြိုင်ပွဲ တွင်လည်း ယာဉ်လိုင်းများ အနေဖြင့် စည်းကမ်း လိုက်နာမှု ပိုမို ရှိလာစေရန် ၀န်ကြီး၏ လမ်းညွှန်ချက် နှင့် လျော်ညီစွာ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) က အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက် နေကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ မှ ပြေကြား ခဲ့သည်။

ခရီးသွားလာမှု ပိုမို ချောမွေ့ လွယ်ကူစေရန် နိုင်ငံတကာ ၌ ရထားကဲ့သို့ ချိတ်ဆက် ထားသော BRT မော်တော်ယာဉ် စနစ်ကို ကျင့်သုံး ဆောင်ရွက် နေသကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း အဆိုပါယာဉ်များ အသုံးပြု နိုင်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ တိုင်ပင် ဆွေးနွေး နေပြီ ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကိစ္စရပ် ကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) နှင့် ကုန်းလမ်း ပို့ဆောင်ရေုးတို့မှ ကြိုးစား ပြင်ဆင် နေပြီး နောင်လာမည့် ၄ နှစ်အတွင်း အကောင် အထည်ပေါ် လာနိုင်ရန် ကြိုးစား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မထသ (ဗဟို) က မီဒီယာ များနှင့် တွေ့ဆုံရာ၌ ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...