၂-၇-၂၀၁၃
ခရိုအေးရှား နိုင်ငံသည် ဇွန်လ ၃၀ ရက်နေ့မှ
စ၍ ဥရောပ သမဂ္ဂ ( EU ) ၏ ၂၈ နိုင်ငံမြောက် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အဖြစ် တည်ရှိ
လာခဲ့ကြောင်း ဆင်ဟွာ သတင်း တစ်ပုဒ် အရ သိရသည်။
ခရိုအေးရှား နိုင်ငံ အနေဖြင့် ယူဂိုဆလားဗီးယား
ပြည်ထောင်စု မှ ခွဲထွက်ခဲ့ပြီး နောက် ဆယ်စုနှစ် ၂ စုကျော် အကြာတွင် EU အဖွဲ့ဝင် နိုင်ငံအဖြစ်
တည်ရှိ လာခြင်း ဖြစ်ကြောင်း ၊ ထိုသို့ EU အဖွဲ့ဝင် နိုင်ငံအဖြစ် တည်ရှိ လာမှုအတွက် အထိမ်းအမှတ်
အခမ်းအနား တစ်ရပ် ကို ခရိုအေးရှား နိုင်ငံ၏ ဇာဂရက် ရင်ပြင်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ
အခမ်းအနား သို့ နိုင်ငံ့ခေါင်းဆောင် ၁၅ ဦး နှင့် ၀န်ကြီးချုပ် ၁၃ ဦး အပါအ၀င် နိုင်ငံခြား
သံတမန် ကိုယ်စားလှယ် ၁၇၀ တက်ရောက် ခဲ့ကြောင်း သိရသည်။
ခရိုအေးရှား နိုင်ငံ အနေဖြင့် EU အဖွဲ့ဝင်
နိုင်ငံ အဖြစ် တည်ရှိ လာသော်လည်း ၅ နှစ် ဆက်တိုက် စီးပွားရေး ကျဆင်းလျက် ရှိသောကြောင့်
အလုပ်လက်မံ ဦးရေမှာ ၂၁ ရာခိုင်နှုန်း အထိ ရှိနေကြောင်း သိရှိရသည်။


No comments:
Post a Comment