ရန်ကုန် ၊ ၉-၇-၂၀၁၃
အာဆီယံ ဆိုင်ရာ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ
ရန်ကုန်မြို့ ရှိ မြန်မာကုန်သည် ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း
UMFCCI တွင် လာမည့် ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်၍ ၂ ရက်ကြာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ ဆွေးနွေးပွဲအား မြန်မာ နိုင်ငံခြားရေး
ဝန်ကြီးဌာန နှင့် Hanns Siedel Foundation တို့က ပူးတွဲ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း
သိရသည်။ ၄င်း ဆွေးနွေးပွဲတွင် ၂၀၁၄ ခုနှစ်၌ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ
က တာဝန်ယူ ဆောင်ရွက် ရာတွင် ရင်ဆိုင် ရဖွယ် ရှိသည့် စိန်ခေါ်မှုများ ၊ ဒေသတွင်း နှင့်
ကမ္ဘာလုံး ဆိုင်ရာ နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲရေးများ အပေါ် ဆွေးနွေးကြမည်
ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဆက်စပ် ကဏ္ဍရပ် အသီးသီးမှ ကျွမ်းကျင်သူ
များအနေဖြင့် ဆွေးနွေးပွဲ ကျင်းပစဉ် အတွင်း ဟောပြော ပို့ချမှုများလည်း ပြုလုပ် သွားမည်
ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment