တာချီလိတ် ၊ ၁၅-၇-၂၀၁၃
မြန်မာ - ထိုင်း နှစ်နိုင်ငံ အကြား
နယ်စပ် ဆက်ဆံရေးရုံး များတွင် တာဝန် ထမ်းဆောင်မည့် အရာရှိများ အတွက် မှောင်ခိုမှုများ
တားဆီး နှိမ်နင်းရေး ဆိုင်ရာ သင်တန်း Anti - Smuggling Training Seminar ကို ၂၀၁၃ ခုနှစ်
ဇူလိုင်လ ၁၁ ရက်နေ့တွင် တာချီလိတ် (မူးယစ်) ရဲဗလ ခန်းမတွင် သင်းတန်း ဆင်းပွဲပွဲ ကျင်းပ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ တွင် မြန်မာနိုင်ငံ
ရဲချုပ် ကိုယ်စား M-PAC အတွင်းရေးမှူး ရဲမှးကြီး အောင်ဌေးမြင့် နှင့် UNODC မှ
Programme Officer Mr. Giovanni Broussard တို့မှ အပြန်အလှန် ကျေးဇူးတင် စကား ပြောကြား
ခဲ့ပြီး သင်တန်းသား များအား M-PAC အတွင်းရေးမှူး ရဲမှူးကြီး အောင်ဌေးမြင့် မှ သင်တန်းဆင်း
လက်မှတ်များ ပေးအပ်ခဲ့သည်။
တာချီလိတ် ခရိုင်အတွင်း ရှိ BLO (
Border Liaifon Office ) နယ်စပ် ဆက်ဆံရေး ရုံးများတွင် အလှည့်ကျ တာဝန် ထမ်းဆောင်လျက်
ရှိသော လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ ၊ သတင်းတပ်ဖွဲ့ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
၊ CID ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား
ဦးစီးဌာန ၊ သစ်တော ဦးစီးဌာန ၊ အကောက်ခွန် ဦးစီးဌာန တို့မှ သင်တန်းသား သင်တန်းသူ
၂၄ ဦး တက်ရောက် ခဲ့ကြသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် နှင့်
UNODC တို့ ပူးပေါင်း၍ Patrol မှောင်ခိုမှု တိုက်ဖျက်ရေး ဆိုင်ရာများကို နယ်စပ်ဒေသ များဖြစ်သည့်
မြ၀တီ ၊ ကော့သောင်း နှင့် မူဆယ်မြို့ များတွင်လည်း ဖွင့်လှစ်ရန် ရှိသည်ဟု M-PAC အတွင်းရေးမှူး
ရဲမှူးကြီး အောင်ဌေးမြင့် နှင့် UNODC မှ Programme Officer Mr. Giovanni
Broussard တို့မှ သတင်း မီဒီယာများသို့ ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။



No comments:
Post a Comment