ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Abdel Fattah al-Sisi အား
ထောက်ခံသည့် ဆန္ဒပြသမားများ
၎-၇-၂၀၁၃
အီဂျစ်နိုင်ငံ ၏ ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်ကြီး Abdel Fattah al-Sisi သည် မိုဟာမက် မော်စီ အား အီဂျစ်နိုင်ငံ ၏ သမ္မတ
အဖြစ်မှ ရပ်စဲ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အကြီးအကဲအား ယာယီ အစိုးရ အဖွဲ့ခေါင်းဆောင်
အဖြစ် တင်မြှောက် ခဲ့ကြောင်း ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်း က ကြေညာ ခဲ့သည်ဟု CCTV သတင်း
တစ်ပုဒ်အရ သိရသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်
သွားမည် ဖြစ်ပြီး သမ္မတ ရွေးကောက်ပွဲအား ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း နှင့် နိုင်ငံတော်
လမ်းပြမြေပုံ တစ်ရပ်အား တပ်မတော်မှ ချမှတ် ပေးသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး
Abdel Fattah al-Sisi က ပြောကြားခဲ့သည်။ မွတ်ဆလင် နှင့် ခရစ်ယာန် ခေါင်းဆောင် များက
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Abdel Fattah al-Sisi ၏ ပြောဆိုမှု များအား ထောက်ခံ
ခဲ့ကြောင်း နှင့် ၄င်း၏ စီမံချက်များ သည် အီဂျစ်နိုင်ငံ လုံခြုံရေး နှင့် နိုင်ငံရေးကို
ပိုမို ကောင်းမွန်သော အခြေအနေ တစ်ရပ် ဖန်တီးနိုင်မည် ဖြစ်ကြောင်း ခရစ်ယာန် ဘာသာရေး
ခေါင်းဆောင် Pope Tawadros က ပြောကြား ခဲ့သည်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Abdel Fattah al-Sisi နှင့် မိုဟာမက် မော်စီ
မိုဟာမက် မော်စီက စစ်ဘက်၏ ကြေညာချက်အား
အာဏာသိမ်းမှု တစ်ရပ် ဖြစ်သည်ဟု ၄င်း၏ Facebook စာမျက်နှာ တွင် ကန့်ကွက် ရေးသား ခဲ့ကြောင်း
သိရှိရသည်။



No comments:
Post a Comment