Social Icons

Pages

Saturday, July 20, 2013

မြန်မာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ ၁၅၃ ရုံကို ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြောင်းလဲ ပြသနိုင်ရန်စီစဉ်


ရန်ကုန် ၊ ၂၀-၇-၂၀၁၃

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံ ၁၅၃ ရုံကို ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြောင်းလဲ ပြသနိုင်ရန် စီစဉ်လျက် ရှိပြီး ၂၀၁၄ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ဒစ်ဂျစ်တယ် စနစ် ပြောင်းလဲ ပြသနိုင်ရန် အတွက် နိုင်ငံပိုင် ရုပ်ရှင်ရုံ များကို နှစ်ရှည် ငှားရမ်းထားသော လုပ်ငန်းရှင် များနှင့် ပုဂ္ဂလိကပိုင် ရုပ်ရှင်ရုံ လုပ်ငန်းရှင်များ အပြီး လွှဲပြောင်း ရောင်းချ ပြီးသည့် ရုပ်ရှင် လုပ်ငန်းရှင် များနှင့် တွေ့ဆုံ ညှိနှိုင်းပြီး ဖြစ်ကြောင်း သိရသည်။


" ပထမအဆင့် အနေနဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ တစ်ဝန်းမှာ ရှိတဲ့ ရုပ်ရှင်ရုံ ၁၅၃ ရုံကို ဒစ်ဂျစ်တယ် စနစ် ပြောင်းလဲမယ် ၊ ဒီလို ပြောင်းလဲဖို့ အတွက် နှစ်ရှည် ငှားရမ်းထားတဲ့ ရုပ်ရှင်ရုံ ၂၇ ရုံကို ပထမ အဆင့်အနေနဲ့ ဒစ်ဂျစ်တယ် စနစ် ပြောင်းလဲဖို့ စီစဉ်ထားတယ် ၊ လိုအပ်တဲ့ ငွေကြေး အတွက်ကိုလည်း အသေးစား နဲ့ အလတ်စား စက်မှု ဖွံဖြိုး တိုးတက်မှု ဘဏ်ကနေ ထုတ်ချေးမှာ ဖြစ်သလို ဒီလို ချေးယူခွင့် ရဖို့ အတွက်လည်း မြန်မာ့ ရုပ်ရှင် လုပ်ငန်း က ထောက်ခံ ဆောက်ရွက် ပေးသွားမှာပါ ၊ ဒစ်ဂျစ်တယ် စနစ်နဲ့ ပြသနိုင်ဖို့ ဆောင်ရွက် ပြီးရင်လည်း နှစ်ရှည် ငှားထားတဲ့ ရုပ်ရှင်ရုံတွေ ကို နောက်ထပ် ၅ နှစ် သက်တမ်းတိုးဖို့ စီစဉ် ထားပါတယ် ၊ အဲဒီ ၅ နှစ်အတွင်းမှာ ရုပ်ရှင် လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု ကောင်းမွန်တယ် ဆိုရင် နောက်ထပ် ၂ နှစ် လုပ်ကိုင်ခွင့် ပေးဖို့ စီစဉ် ထားပါတယ် ၊ ဒါက နှစ်ရှည် ငှား၇မ်းဖို့ အတွက် စီစဉ် ထားတာပါ ၊ ကျန်တဲ့ ရုံတွေ အတွက် ကိုလည်း ဒစ်ဂျစ်တယ် စနစ်နဲ့ ပြောင်းလဲ ပြသနိုင်ဖို့ စီစဉ် သွားမှာပါ .... " ဟု မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...