မုံရွာ ၊ ၁၉-၇-၂၀၁၃
စစ်ကိုင်းတိုင်း ဒေသကြီး ကိုဖြတ်သန်း
စီးဆင်းလျက် ရှိသော ချင်းတွင်းမြစ်ကြီး သည် အညာဒေသ မိုးရွာသွန်းမှု အလွန်များ သဖြင့်
မြစ်ရေကြီးရာ ယမန်နေ့ နံနက် ၂ နာရီခွဲက မုံရွာမြို့နယ် ၊ ညောင်ဖြူပင် ကျေးရွာ နှင့်
သစ်ဆိမ့် ကျေးရွာ အကြား ဆည်မြောင်း ဦးစီးဌာန ၏ မြစ်ရိုးတာပေါင် မိုင်တိုင် အမှတ် ၃၅/၃၆
အနီး မြေသား တာပေါင် ကျိုးကျ ပျက်စီးခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း ညောင်ဖြူပင် ကျေးရွာနေ
ဒေသခံ ပြည်သူတစ်ဦး က ပြောကြား ခဲ့သည်။
" ကျိုးကျ ပျက်စီးသွားတဲ့ မြေသားတာပေါင်
ရဲ့ အကျယ်အ၀န်း ကတော့ ၁၀ ပေလောက် ကျယ်ပါတယ် ၊ လယ်ကြွက်တွင်း တွေထဲကို မြစ်ရေတွေ စိမ့်ဝင်
ရာကနေ အခုလို တာပေါင်ကြီး ကျိုးကျ ပျက်စီးခဲ့ရတာ ဖြစ်ပါတယ် ... " ဟု ၄င်းက ဆက်လက်
ပြောကြား ခဲ့သည်။
အဆိုပါ ချင်းတွင်းမြစ် မြေသား တာပေါင်
ကျိုးကျပျက်စီးခြင်း သည် အများပြည်သူ အိပ်စက် အနားယူချိန် ကာလ ဖြစ်သော်လည်း ဌာနဆိုင်ရာ
ကယ်ဆယ်ရေး ၀န်ထမ်းများ အချိန်မီ လာရောက် နိုင်ခဲ့ပြီး ကျိုးကျ ပျက်စီးခဲ့ရသည့် တာပေါင်
ကို လူအား ၊ စက်ယန္တရား အားများ စိုက်ထုတ်ကာ ဆောင်ရွက် ပေးနိုင်ခဲ့သည့် အတွက် လူအသေအပျောက်
နှင့် အိုးအိမ် ပစ္စည်းများ ပျက်စီး ဆုံးရှုံးမှု ဘေးမှ အမြန်ဆုံး ကြိုတင် ကာကွယ်ပေး နိုင်ခဲ့သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်
ကြီးကြပ်မှုများ အရ ဆိုပါ မြေသား တာပေါင် ကျိုးကျ ပျက်စီးသည့် နေရာသို့ မြေထိုးစက်ယာဉ်
နှင့် မြေတူးစက်ယာဉ် များ စိုက်ထုတ် သုံးစွဲခဲ့ရာ ယခုအခါ လုံခြုံ စိတ်ချရသည့် အခြေအနေ
အထိ ပြန်လည် ပြုပြင် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment