Social Icons

Pages

Friday, July 12, 2013

ရန်ကုန်မြို့တော် အတွင်း အမြဲစိမ်းဧရိယာ စိမ်းလန်းမြေများ သတ်မှတ်သွားနိုင်ရန် စီစဉ်မည်


ရန်ကုန် ၊ ၁၂-၇-၂၀၁၃

ရန်ကုန် မြို့တော် အတွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ကို ဖြစ်စေသည့် အမြဲစိမ်းဧရိယာ စိမ်းလန်းမြေများ ဖော်ထုတ် သတ်မှတ် သွားရန် ရှိကြောင်း " မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း ရေးဆွဲရေး အဖွဲ့ " မှ တစ်ဆင့် သိရသည်။

မြို့ပြများ တိုးချဲ့လာမှု နှင့်အတူ ဆိတ်ငြိမ် ရပ်ကွက်များ ၊ အများပြည်သူ အပန်းဖြေရန် နေရာ ဧရိယာများ ၊ မြို့တော် တစ်ဝန်း ကာဗွန် ထုတ်လွတ်မှု ကို စုပ်ယူနိုင်စွမ်း ရှိသည့် သစ်ပင် အများအပြား ရှိရမည့် အမြဲစိမ်း ဧရိယာ များ ပပျောက် သွားနိုင်သည့် အတွက် အမြဲစိမ်း ဧရိယာ စိမ်းလန်း ဧရိယာ များကို သတ်မှတ် သွားရန် အစီအစဉ်များ ရှိကြောင်း သိရသည်။


မြို့တော်အတွင်း CBD ခေါ် ဗဟို စီးပွားရေး ချက်မဒေသ များကို ထပ်မံ ခွဲထုတ်သွားမည့် မဟာဗျူဟာ စီမံကိန်းတွင် မြို့တော် ဗဟိုမှ ခွဲဖြာထွက်လာမည့် နောက်ထပ် ဗဟို စီးပွားရေး ချက်မတစ်ခု နှင့် တစ်ခုကြားတွင် ယင်းကဲ့သို့သော အမြဲစိမ်း ဧရိယာများကို မဖြစ်မနေ သတ်မှတ် လိုက်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် လူနေ သိပ်သည်းမှု ကို လျှော့ချခြင်း များကို တစ်ပြိုင်တည်း ဆောင်ရွက် လိုက်ခြင်းပင် ဖြစ်ကြောင်း သိရသည်။ ယင်း အမြဲစိမ်း ဧရိယာ များတွင် အများပြည်သူ အပန်းဖြေ နိုင်သည့် ပန်းခြံများ ၊ ပန်းဥယျာဉ်ကြီး များ ၊ ကစားကွင်းများ နှင့် အပန်းဖြေ နားနေစခန်း များ ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...