ရန်ကုန် ၊ ၁၁-၇-၂၀၁၃
အိမ်မြံမြေ ရောင်းဝယ်ခွန် ၃၇ ရာခိုင်နှုန်း
အထိ ပေးဆောင် နေရသဖြင့် အိမ်ခြံမြေ ဈေးကွက် အတွင်း အရောင်းအ၀ယ် ပါးနေသော်လည်း ကမ္ဘာအေး
ဘုရား လမ်းမကြီး ၊ ရန်ကုန် - ပြည်လမ်းမကြီး ကဲ့သို့သော အထင်ကရ လမ်းမကြီး များပေါ်ရှိ
မြေကွက်များမှာ ကွန်ဒို နှင့် တာဝါများ အတွက် အ၀ယ်လိုက် နေကြောင်း ၀ါရင့် အိမ်ခြံမြေ
အကျိုးဆောင် လုပ်ငန်းများ ထံမှ သိရသည်။
" အိမ်ခြံမြေ အရောင်းအ၀ယ် လောကမှာ
အခွန်ကိစ္စ ကြောင့် နည်းနည်းတော့ တန့်သလို ဖြစ်ပေမယ့် သေချာပေါက် ၀ယ်ကောင်း ရောင်းစွံ
နေရာတွေက တော့ ပန်းပန်လျက် ပါပဲ ၊ လမ်းမတန်းကြီး တွေကျတော့ ဆောက်လုပ်ရေး သမားရော ၊
စီးပွားရေး သမားပါ မျက်စိကျတော့ ၀ယ်စရာရှိ ၀ယ်မှာပဲ ဆိုပြီး အဲဒီဘက် တွေမှာ အရောင်းအ၀ယ်
အဖြစ်များ နေတယ် ၊ ကွန်ဒို နဲ့ တာဝါ ဆောက်လုပ်ရေး သမားတွေ ရင်းနှီးမြှုပ်နှံ ချင်သူတွေက
မြို့ပြင် အထိတောင် ထွက်ဝယ် နေကြတယ်၊ အခုဆို မင်းဓမ္မ လမ်းမကြီး ၊ ရန်ကုန် - ပြည် လမ်းမကြီး
၊ ကမ္ဘာအေး ဘုရား လမ်းမကြီး ၊ ဝေဇယန္တာ လမ်းမကြီး ၊ လေးထောင့်ကန် လမ်းမကြီး အဲသလို လမ်းမတန်း
ကြီးတွေမှာ အရောင်းအ၀ယ် ဖြစ်နေတယ် .... " ဟု မြန်မာ အိမ်ခြံမြေ အကျိုးဆောင် များအသင်းမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
" ကမ္ဘာအေး ဘုရားလမ်း မကြီးပေါ်မှာ
ပေ ၇၀x၉၀ တစ်ကွက်ကို အရောင်းက ကျပ်သိန်း ၁၅၅၀၀ ခေါ်ဈေး ရှိတယ် ၊ လေးထောင့်ကန် လမ်းမကြီး
ပေါ်မှာ ပေ ၄၀x၁၁၀ တစ်ကွက်ကို အရောင်း ကျပ်သိန်း ၂၆၀၀၀ ခေါ်ထားတယ် ၊ တောင်ဥက္ကလာ သံသုမာ
လမ်းမကြီး ပေါ်မှာ ပေ ၂၀x၆၀ တစ်ကွက်ကို ကျပ်သိန်း ၃၆၀၀ လောက် ပေါက်နေ ပြန်တယ် ၊ ရန်ကုန်
- အင်းစိန် လမ်းမကြီး လှိုင်ဘက်မှာ ပေ ၃၅x၈၀ တစ်ကွက်ကို အရောင်း ခေါ်ဈေးက ကျပ်သန်း ၁၅၅၀၀
ရှိနေတယ် ၊ ရန်ကုန် - ပြည် လမ်းမကြီး ပေါ်မှာတော့ နေရာ အနေအထား နဲ့ အကျယ်အ၀န်း ပေါ် မူတည်ပြီး
တစ်စတုရန်း ပေးကို ငွေကျပ် လေးသိန်းခွဲ ကနေ ခုနှစ်သိန်း လောက် ပေါက်နေပါတယ် .....
" ဟု ရွှေနန်းစံ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ သိရသည်။


No comments:
Post a Comment