မြိတ် ၊ ၂၇-၆-၂၀၁၃
အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါး အလွဲသုံးစားမှု နှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့
အခမ်းအနားကို တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊
ပညာ့ဗိမ္မာန် ခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့ရာ ခရိုင် အုပ်ချုပ်ရေးမှူး
ဦးလွင်ကိုဦးနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊
ရပ်မိ/ရပ်ဖများ ၊ လူမှုရေး အသင်းအဖွဲ့များ ၊ ဆရာ/မများ ၊ ကျောင်းသား/သူ များ
တက်ရောက် ကြသည်။
ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့်
စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ
ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုထံမှ
ပေးပို့သော ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး
အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ သ၀ဏ်လွှာအား မြိတ်ခရိုင် မူးယစ်ဆေးဝါး
နှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ဥက္ကဌ ခရိုင်
အုပ်ချုပ်ရေးမှူး ဦလွင်ကိုဦးက ဖတ်ကြားသည်။
ထိုနောက် မြိတ်ခရိုင် မူးယစ်ဆေးဝါး
နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ
ဒုတိယ ရဲမှူးကြီး ရွှေညာမောင် က မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော
ဆေးဝါးများ အကြောင်း သိကောင်းစရာများ အပြင် မြိတ်ခရိုင် အတွင်း ဖမ်းဆီး ရမိခဲ့သော
မူးယစ်ဆေးဝါး များနှင့် သုံးစွဲသူများ / ရောင်းဝယ်သူများ အကြောင်းကို projector
များနှင့်တကွ ဆွေးနွေး ပြောကြားသည်။ ယင်းနောက် စိတ်ရောဂါ အထူးကု ဆရာဝန်ကြီး
ဒေါက်တာ ခင်ဇော် က မူးယစ်ဆေးဝါး နှင့် ဆက်နွယ်လာသည့် ဆိုးကျိုးများ အပေါ်
ကျန်းမာရေး ရှုထောင့်မှ သိကောင်းစရာ များ ဆွေးနွေး တင်ပြပြီး မြိတ်ခရိုင် ဥပဒေအရာရှိ
ဦးလှထွန်းက မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ၏
သိကောင်းစရာ အချက်အလက် များအား ဥပဒေရှုထောင့်မှ ဆွေးနွေး တင်ပြသည်။
ဆက်လက်၍ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်
တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် (၁၆)ကြိမ်မြောက် ပန်းချီ ၊
ကာတွန်း ၊ ပိုစတာ နှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများ တွင် ခရိုင်အဆင့် ဆုရရှိသူ
ကျောင်းသား/ သူများအား ခရိုင် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဆုများအသီးသီး
ချီးမြှင့်ပေးအပ်ပြီး ပန်းချီ၊ ကာတွန်း၊
ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲလက် ရာများအား အကဲဖြတ်ပေးသည့်
ပန်းပညာရှင်များ အစည်းအရုံး အဖွဲ့အား ဒုတိယရဲမှူးကြီး ရွှေညာမောင်က ဂုဏ်ပြု လက်ဆောင်များ
ချီးမြှင့် ပေးအပ်ရာ ပန်းပညာရှင် အစည်းအရုံးဖွဲ့
ကိုယ်စား အဖွဲ့ ဥက္ကဌ ဦးအောင်သန်းမှ လက်ခံရယူပြီး အခမ်းအနားကို ရုတ်သိမ်း လိုက်ကြောင်း
သိရှိရသည်။


No comments:
Post a Comment