Social Icons

Pages

Saturday, May 4, 2013

ထိုင်းနှင့် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တို့ နယ်စပ်ဒေသအငြင်းပွားမှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် စီစဉ်ထား


၎-၅-၂၀၁၃

ထိုင်း - ကမ္ဘောဒီးယား နယ်စပ် ဒေသ တစ်လျှောက် ငြိမ်းချမ်း တည်ငြိမ်ရေး နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး တို့ ဆွေးနွေးရန် အတွက် ၉ ကြိမ်မြောက် ထိုင်း - ကမ္ဘောဒီးယား နယ်စပ် ဒေသဆိုင်ရာ အထွေထွေ ကော်မတီ ( General Border Committee _ GBC ) အစည်းအဝေး အား ထိုင်းနိုင်ငံ တွင် မေလ ၁၆ ရက်နှင့် ၁၇ ရက်နေ့ တို့၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ၀န်ကြီး ဌာနမှ ကာကွယ်ရေး အတွင်းဝန် Neang Phant က မေလ ၁ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်း တစ်ပုဒ်အရ သိရသည်။

ကမ္ဘောဒီးယား ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး Tea Banh နှင့် ထိုင်း ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး Sukumpol Suwanatat တို့သည် အဆိုပါ  အစည်းအဝေး တွင် ပူးတွဲ သဘာပတိ အဖြစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထိုင်း ကာကွယ်ရေး တာဝန်ရှိ သူများနှင့် ပြုလုပ်မည့် ကြိုတင် ပြင်ဆင်ရေး အစည်းအဝေး သို့ တက်ရောက်ရန် ဘန်ကောက် သို့ မထွက်ခွာမီ ဖနွမ်းပင် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ Neang Phant က သတင်းထောက် များကို ပြောကြား ခဲ့သည်။ အဆိုပါ GBC အစည်းအဝေး တွင် နယ်စပ် တစ်လျှောက် ငြိမ်းချမ်း တည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နယ်စပ် ဖြတ်ကျော် ရာဇ၀တ်မှု များ ၊ မူးယစ်ဆေးဝါး မှောင်ခို ကူးမှုများ နှင့် အခြားသော တရားမ၀င် လှုပ်ရှား ဆောင်ရွက်မှု များကို ပူးပေါင်း တိုက်ဖျက်ခြင်း မှ တစ်ဆင့် နယ်စပ် ဒေသ တစ်လျှောက် လုံခြုံမှု တိုးမြှင့်ရေး ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု နှင့် ပြည်သူများ၏ အသက်မွေး ၀မ်းကျောင်းမှု တို့ကို ထိခိုက် စေနိုင်သည့် စစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှု များကို ရှောင်ရှား သွားရန် အဆိုပါ အစည်းအဝေး တွင် ဆွေးနွေး သွားမည် ဖြစ်ကြောင်း ၄င်းက ပြောကြား ခဲ့သည်။ ထို့အပြင် နိုင်ငံတကာ တရားရုံးချုပ်က ယာယီ စစ်မဲ့ဇုန် အဖြစ် သတ်မှတ် ထားသော ကမ္ဘောဒီးယား နိုင်ငံရှိ ပရဗီဟာ ဘုရားကျောင်း ၀န်းကျယ် နယ်မြေတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းမည့် နည်းလမ်း များနှင့် ပတ်သက်၍လည်း အဆိုပါ အစည်းအဝေး တွင် ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...