Social Icons

Pages

Thursday, May 16, 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် အနီရောင်အရေးပေါ် အခြေအနေသို့ ရောက်ရှိ




နေပြည်တော် ၁၆-၅-၂၀၁၃

ယနေ့ည ၉ နာရီခွဲ အချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်း တွင် ဖြစ်ပေါ် နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် ( MAHASEN ) သည် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ ၊ မောင်တောမြို့ ၏ အနောက်တောင် ဘက် မိုင် ၂၅၀ ခန့် ၊ စစ်တွေမြို့ ၏ အနောက်တောင် ဘက် မိုင် ၂၆၀ ခန့် ၊ ကျောက်ဖြူမြို့ ၏ အနောက်ဘက် မိုင် ၂၈၀ ခန့် ၊ အိန္ဒိယ နိုင်ငံ ( ကိုလ်ကတ္တားမြို့ ) ၏ တောင်ဘက် မိုင် ၂၃၀ ခန့် အကွာ ပင်လင်ပြင်ကို ဗဟို ပြုနေသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း သည် အရှေ့မြောက် ဘက်သို့ ဆက်လက် ရွေ့လျားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၊ စစ်တကောင်းမြို့ နှင့် မြန်မာနိုင်ငံ ၊ မောင်တောမြို့ အကြားမှ ကမ်းခြေကို နောက် ၁၈ နာရီအတွင်း ဖြတ်ကျော် ၀င်ရောက် မည်ဟု ခန့်မှန်းသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အနီရောင် အရေးပေါ် အခြေအနေ သို့ ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် မြန်မာနိုင်ငံ နယ်စပ်သို့ ဦးတည် ရွေ့လျားလျက် ရှိသည့် အခြေအနေ ဖြစ်သည်။

ဆိုင်ကလုန်း မုန်တိုင်း မဟာစင် ( MAHASEN ) သည် ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်း မှာ တစ်နာရီလျှင် မိုင် ၆၀ မှ မိုင် ၇၀ အထိ တိုက်ခတ် နိုင်ပြီး မုန်တိုင်းကြောင့် မြင့်တက် နိုင်သော ရေလှိုင်း အမြင့်မှာ မောင်တော မြို့နယ် ကမ်းခြေတွင် ၈ ပေမှ ၁၀ ပေခန့် ၊ စစ်တွေ ခရိုင် ကမ်းခြေတွင် ၆ ပေမှ ၈ ပေခန့် နှင့် ကျောက်ဖြူ ခရိုင် ကမ်းခြေတွင် ၄ ပေမှ ၆ ပေခန့် မြင့်တက် နိုင်သည်။

ထို့အပြင် မုန်တိုင်း နှင့်အတူ မိုးသည်းထန်စွာ ရွာသွန်း နိုင်ပါသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီး ၊ ပဲခူးတိုင်း ဒေသကြီး ၊ ရန်ကုန်တိုင်း ဒေသကြီး ၊ ဧရာဝတီတိုင်း ဒေသကြီး ၊ ကချင်ပြည်နယ် ၊ ချင်းပြည်နယ် နှင့် ရခိုင် ပြည်နယ် တို့တွင် မိုးရွာသွန်းမှု ကြောင့် မြေပြိုခြင်း ၊ တောင်ကျရေ များကြောင့် လျှပ်တစ်ပြက် ရေကြီးခြင်း အန္တရာယ် များကို သတိပြု ရှောင်ရှား သင့်ပါသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း ၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့ ၊ ရခိုင် ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည် ။ မိုးသက် လေပြင်း ကျစဉ် ရေပြင် - မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၆၀ မှ မိုင် ၇၀ အထိ တိုက်ခတ် နိုင်သည့် အတွက် ပင်လယ်ပြင် မှ ငါးဖမ်းရေယာဉ် များ ၊ သင်္ဘောများ မုန်တိုင်း အန္တရာယ်ကို ကြိုတင် ရှောင်ရှား ကြပါရန် မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က အကြံပြု ထားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...