Social Icons

Pages

Monday, May 6, 2013

မောင်းနှင်နေသောယာဉ် ၀ါယာရှော့ဖြစ်ရာမှ ခေါင်းပိုင်း မီးလောင်မှု ဖြစ်ပွား



ပဲခူး ၊ ၆-၅-၂၀၁၃

ပဲခူးမြို့နယ် အတွင်း ရန်ကုန် - မန္တလေး ကားလမ်း မိုင်တိုင် အမှတ် ၃၉/၅ နှင့် ၃၉/၆ အကြားတွင် မေလ ၃ ရက်နေ့ ည ၉ နာရီခွဲ အချိန်က ရန်ကုန်ဘက် မှ မန္တလေး ဘက်သို့ ယာဉ်မောင်း မျိုးထွန်း ၄၃ နှစ် ( ရန်ကုန်မြို့ ၊ ရွှေပြည်သာ နေသူ ) မောင်းနှင် လာသော UD နီဆန်း ၂၂ ဘီး ( အနက်ရောင် ) ယာဉ်သည် ၀ါယာရှော့ ဖြစ်ပြီး ယာဉ်၏ ဦးခေါင်း ပိုင်းမှ မီးခိုးများ ထွက်လာ သဖြင့် လမ်းဘေးချ၍ ရပ်တန့်စဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရာသို့ ပဲခူး ခရိုင် မီးသတ် ဦးစီးဌာနမှူး ဦးအေးမြင့် ဦးစီး မီးသတ် တပ်ဖွဲ့ဝင် ၁၀ ဦးတို့သည် မီးသတ်ယာဉ် တစ်စီးဖြင့် ရောက်ရှိ ငြိမ်းသတ် ခဲ့သည်။ မီးလောင်မှု ကြောင့် ယာဉ်၏ ရှေ့ခေါင်းပိုင်း တစ်ခုလုံး နှင့် ၄င်းအပိုင်း ၌ တပ်ဆင် ထားသော တာယာ ၁၀ လုံး ၊ ဆက်သွယ်ရေး သုံး ဖိုက်ဘာပြား များ စုစုပေါင်း ကာလတန်ဖိုး ကျပ် သိန်း ၁၀၀ ခန့် မီးလောင် ဆုံးရှုံး ခဲ့သည်။ ဖြစ်စဉ် နှင့် ပတ်သက်၍ ယာဉ်မောင်း မျိုးထွန်း အား အင်းတကော် ရဲစခန်း မှ (ပ) ၁၄ / ၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၇၉ / ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...