Social Icons

Pages

Monday, May 6, 2013

သံလွင်တံတား ( မော်လမြိုင် ) ၂၄ နာရီ ဖြတ်သန်းခွင့်ပြုထား



မော်လမြိုင် ၊ ၆-၅-၂၀၁၃

မွန်ပြည်နယ် ၏ မြို့တော် ဖြစ်သော မော်လမြိုင် မြို့အ၀င် တံတားကြီးမှာ ယခင်က နံနက် ၆ နာရီမှ ညနေ ၈ နာရီ အထိသာ နယ်မြေ လုံခြုံရေး အရ ဖြတ်သန်းခွင့် ပြုခဲ့ရာ ယခုအခါ ပွင့်လင်း မြင်သာသော လူ့ဘောင် စနစ်သို့ ပြောင်းလဲ လာပြီဖြစ်၍ အဆိုပါ သံလွင်တံတား ( မော်လမြိုင် ) အား ၂၄ နာရီ ဖြတ်သန်းခွင့် ပြုထားပြီး ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အချိန်မရွေး ဖြတ်သန်း ခွင့်ပြုထား၍ ခရီးသွား ပြည်သူများ များပြားလာပြီး ကမ္ဘာလှည့် ခရီးသွားများ လည်း ၀င်ရောက်မှု  ရှိလာကြောင်း သိရသည်။ နိုင်ငံတော် အစိုးရမှလည်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက် ရှိသောကြောင့် ကမ္ဘာ့လှည့် ခရီးသွားများ စိတ်ဝင်စားမှု ပိုမိုစေခဲ့ပြီး မွန်ပြည်နယ် အတွင်းရှိ အထင်ကရ ဘုရား စေတီ ပုထိုး များ ၊ အပန်းဖြေ အနားယူရန် ပင်လယ် ကမ်းခြေ နှင့် အဆင့်မြင့် ဟိုတယ်များပါ အဆင်သင့် ရှိ၍ ကမ္ဘာလှည့် ခရီးသွားများ နှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံ လိုသူများ စိတ်ဝင်စား များပြားလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...