Chung Hong-won နှင့် ယင်လပ် တို့ တွေ့ဆုံစဉ်
၂၁-၅-၂၀၁၃
ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှီနာ ၀ပ်ထရာ
နှင့် တောင်ကိုရီးယား ၀န်ကြီးချုပ် Chung Hong-won တို့သည် မေလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ
၊ ချင်းမိုင်မြို့ ၌ ကျင်းပသည့် ဒုတိယ အကြိမ် အာရှ - ပစိဖိတ် ရေအရင်းအမြစ် ဆိုင်ရာ
ထိပ်သီး ဆွေးနွေးပွဲ ၏ ဘေးပန်း ဆွေးနွေးမှု အဖြစ် တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု ဘန်ကောက်ပို့စ်
သတင်း အရ သိရသည်။
ထိုင်းအစိုးရ ၏ ဘတ် ၃၅၀ ဘီလီယံ ( အမေရိကန်
ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံ ) တန်ဖိုးရှိ ရေအရင်းအမြစ် စီမံခန့်ခွဲရေး စီမံကိန်း အတွက် ပါဝင်
ယှဉ်ပြိင်ခဲ့သော တောင်ကိုရီးယား နိုင်ငံ၏ ရေအရင်းအမြစ် ကော်ပိုရေးရှင်း K- Water ကုမ္ပဏီသည်
အနိုင် ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ၊ အဆိုပါ ကုမ္ပဏီ သည် ၄င်း စီမံကိန်းကို စီမံ
ဆောင်ရွက်ရန် အသင့် ရှိနေကြောင်း ၊ ၄င်း ကုမ္ပဏီ သည် သဘာဝ ဘေးအန္တရာယ် များ ၊ ရေလွှမ်းမိုးမှု
များနှင့် မိုးခေါင် ရေရှားမှု တို့ကို စီမံ ခန့်ခွဲရာတွင် အတွေ့အကြုံ နှင့် နည်းပညာ
တို့ကို ထိုင်းနိုင်ငံ အား လက်ဆင့်ကမ်း ပေးရန် အသင့်ရှိကြောင်း ၀န်ကြီးချုပ် Chung
Hong-won က ပြောကြား ခဲ့သည်။
တောင်ကိုရီးယား အစိုးရ အနေဖြင့် မြန်မာနိုင်ငံ
၏ ထားဝယ် ရေနက် ဆိပ်ကမ်း နှင့် အထူးစီးပွားရေး ဇုန်တွင် လာရောက် ရင်းနှီးမြှုပ်နှံရန်
ထိုင်းနိုင်ငံက ဖိတ်ခေါ် ပါကြောင်း ၊ ထိုင်း အစိုးရ၏ မြန်နှုန်းမြင့် မီးရထား ကွန်ရက်
တွင်လည်း ထောက်ကူ ပေးရန်နှင့် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ပါကြောင်း ထိုင်း ၀န်ကြီးချုပ်
က ပြောကြား ခဲ့သ်ည။ ထိုင်းနိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲရေး စီမံကိန်း တွင် ကုမ္ပဏီ
၎ ခု ပါဝင် ယှဉ်ပြိုင် ခဲ့ပြီး ၄င်း ကုမ္ပဏီ ၄ ခုမှာ တောင်ကိုရီးယား မှ K - Water ကုမ္ပဏီ
၊ အီတလီ - ထိုင်း ဖွံ့ဖြိုး တိုးတက်ရေး ( ITD ) ဆိုင်ရာ Power China ပူးတွဲ စီးပွားရေး
လုပ်ငန်း ကော်မတီ ၊ Summit SUT ပူးတွဲ စီးပွားရေး လုပ်ငန်း ကုမ္ပဏီ နှင့် Loxly
Consortium ကုမ္ပဏီ တို့ ဖြစ်သည်ဟု သိရှိရသည်။
No comments:
Post a Comment