Social Icons

Pages

Thursday, May 2, 2013

နည်းပညာ မှားယွင်းမှုလား ! ဒါမှမဟုတ် မသမာမှု လား !



( ပြည်သူ့ စကားသံ )

" ... နိုင်ငံတော် အစိုးရ၏ ကျေးဇူးဖြင့် ပြည်သူများ အသုံးပြု နိုင်ရန် အတွက် တန်ဖိုးနည်း လက်ကိုင်ဖုန်း ဆင်းကတ် များ ရောင်းချ ပေးလျက် ရှိသဖြင့် ကျေးဇူး တင်စရာ အလွန် ကောင်းပါတယ်။ ဒါပေမယ့် တန်ဖိုးနည်း ဖုန်းကတ် ၁၅၀၀ ကတ် မတိုင်မီ ရောင်းချ ပေးသော ဖုန်းများ အတွက် ငွေဖြည့်ကတ် များသည် ခိုင်မာမှု မရှီတာ တွေ့ရပါတယ် ၊ ဘာကြောင့်လဲ ဆိုတော့ မြန်မာ့ ဆက်သွယ်ရေး ( MPT ) ရဲ့ CDMA 450 MHz ဖုန်းကတ် နှင့် ငွေဖြည့် ရာမှ တယ်လီဖုန်း သို့ Message ၀င်လာ ပါတယ် ၊ ငွေကျပ် ၅၀၀၀ ဖြည့်တယ် လို့ ဖြေပါတယ် ၊ ဒါပေမယ့် စုစုပေါင်း ငွေပမာဏ ၀င်လာသော အခါ ငွေကျပ် ၄၀၀၀ သာ ပေါင်းပေး ပါတယ် ၊ ထိုကဲ့သို့ ဖြစ်ပေါ် ခြင်းဟာ နည်းပညာ မှားယွင်းမှု ကြောင့်လား ၊ ဒါမှမဟုတ် မသမာမှု ကြောင့်လား ဆိုတာ ပြည်သူ တစ်ယောက် အနေနဲ့ သိချင် စိတ်လေး ဖြစ်ပေါ် မိပါတယ် ... "./...."   ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...