Social Icons

Pages

Friday, May 10, 2013

အင်းလေးဒေသ သဘာ၀၀န်းကျင် ထိန်းသိမ်းရေး ၊ ဟိုတယ်များနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများ နှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ



တောင်ကြီး ၁၀-၅-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့နယ် ၊ အင်းလေးဒေသရှိ ဟိုတယ် များနှင့် စပ်လျဉ်း၍ သတင်း မီဒီယာ များနှင့် တွေ့ဆုံပွဲ အခမ်းအနား ကို မေလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ညောင်ရွှေမြို့ Aureum Palace ဟိုတယ် ခန်းမ၌ ကျင်းပ ပြုလုပ်ရာ သစ်တောရေးရာ ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ၊ အင်းလေးကန် သဘာဝ ၀န်းကျင် ထိန်းသိမ်းရေး ဥက္ကဋ္ဌ ဦးဝင်းထွန်း ၊ ဟိုတယ် နှင့် ခရီးသွား လာရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ဦးဌေးအောင် ၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် ပြည်နယ် ၀န်ကြီးများ ၊ ပြည်နယ် ဥပဒေချုပ် ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ ညောင်ရွှေ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ ဟိုတယ် လုပ်ငန်းရှင် များ ၊ အင်းစာပေ နှင့် ယဉ်ကျေးမှု အဖွဲ့ တာဝန်ရှိ သူများ ၊ အင်လေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ တာဝန်ရှိ သူများနှင့် သတင်း မီဒီယာများ တက်ရောက် ကြကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း က အင်းလေးကန် ရေဝေရေလဲ ကောင်းမွန်ရေး နှင့် အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာများ ၊ အင်လေးကန် ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး နှင့် သားငှက်များ ပြုန်းတီးမှု မရှိစေရန် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရန် အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ နှင့် ပြည်နယ် အစိုးရ အဖွဲ့ ၊ အင်းသူ အင်းသား များ ၀ိုင်းဝန်း ဆောင်ရွက် ကြရန် လိုအပ်ကြောင်း လမ်းညွှန် အမှာစကား ပြောကြား ခဲ့သည်။

ဆက်လက်၍ ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ဦးဌေးအောင် က မြန်မာနိုင်ငံ သည် ကမ္ဘာ၏ ယခင်ကထက် စိတ်ဝင်စားမှု ရှိလာပြီး တစ်နှစ်ထက် တစ်နှစ် ကမ္ဘာလှည့် နိုင်ငံခြား ဧည့်သည်များ ၀င်ရောက် လာမှု ပိုမို များပြား လာခြင်းကြောင့် ပြည်တွင်းရှိ ဟိုတယ် လုပ်ငန်း ဆိုင်ရာ ကိစ္စရပ် များကို အသေးစိတ် ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် က အင်းလေး ဒေသ ရေဝေရေလဲ နှင့် ဟိုတယ်ဇုန် မြေဧက ၆၂၂ ဧက၏ မြေနေရာ ချထားမှု ဆိုင်ရာများကို ပြည်သူများ ရှေ့မှောက်တွင် ပွင့်လင်းစွာ ရှိစေရန် မဲစနစ် ဖြင့် ရောင်းချ ပေးမှုကို လည်းကောင်း ၊ ဟိုတယ် လုပ်ငန်း ဆိုင်ရာ အင်လေးကန် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာများ အသေးစိတ် ရှင်းလင်း ပြောကြား ခဲ့သည်။

ယင်းနောက် တက်ရောက် လာသော သတင်း မီဒီယာ များက ဟိုတယ် စီမံကိန်း တည်ဆောက်မှု ၊ အင်းလေးကန် ရေဝေရေလဲ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာများကို အသီးသီး မေးမြန်း ကြရာ ပြည်ထောင်စု ၀န်ကြီး နှင် ရှမ်းပြည်နယ် ၀န်ကြီးချုပ် တို့က အသီးသီး ပြန်လည် ဖြေကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...