Social Icons

Pages

Showing posts with label ထူးခြားဆန်းကြယ်. Show all posts
Showing posts with label ထူးခြားဆန်းကြယ်. Show all posts

Monday, January 18, 2016

အအိပ်နည်း၊ အစားနည်းပြီး နာကျင်မှုမခံစားရသည့် အင်္ဂလန်မှ စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်း မိန်းကလေး


Olivia Farnsworth, seven, has a rare chromosome condition stopping her from feeling hunger, fatigue or pain


လန်ဒန် ၊ ၁၈-၁-၂၀၁၆

အစားအသောက်ကို အနည်းငယ်သာ စားသုံးပြီး အနည်းငယ်သာ အိပ်စက်သည့် အပြင် မည်သည့် နာကျင်မှုမျှ မခံစားရသည့် အင်္ဂလန်နိုင်ငံ ဟတ်ဒါစ်ဖီးထ် အရပ်မှ မိန်းကလေး တစ်ဦးကို ဆရာဝန်များက စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်း မိန်းကလေးဟု အမည်ပေး ထားကြသည်။

ယင်း မိန်းကလေးသည် ကားတိုက်ခံရကာ ကားနှင့်ကြိတ်မိ သော်လည်း မျက်ရည် တစ်စက်မကျ၊ မည်သည့် ခံစားရမှုမျှ မရှိဘဲ ပုံမှန်အတိုင်း လမ်းလျှောက် နိုင်ခဲ့ခြင်းသည် ဆရာဝန်များအား ခေါင်းခြောက် စေခဲ့သည်။

အသက် ခုနစ်နှစ်အရွယ် ရှိပြီး အိုလီဗီယာ ဖန်စ်ဝေါ့သ်ဟု အမည်တွင်သည့် အဆိုပါ မိန်းကလေးသည် တစ်ခါတစ်ရံတွင် သုံးရက် သုံးညတိုင်တိုင် မအိပ်စက်ဘဲ နေနိုင်သည့် အတွက် ၄င်းသည် ရှားပါးလှသော ခရိုမိုဆုန်း မူမမှန်ရောဂါ ဖြစ်သည့် Chromosome 6 ပျောက်ဆုံးသည့် ရောဂါကို ခံစားနေရခြင်း ဖြစ်ကြောင်း ဆရာဝန်များက သတ်မှတ် ထားသည်။

ထို့ပြင် ၄င်းမိန်းကလေး သည် ရောဂါလက္ခဏာ ကဲ့သို့ လက္ခဏာသုံးမျိုးကို တစ်ပြိုင်နက်တည်း ပြသသည့် ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော လူသားဖြစ်ကြောင်း ဆရာဝန်များက ယူဆထားသည်။

အိုလီဗီယာ၏ ယခုကဲ့သို့ လက္ခဏာများသည် ၄င်းအသက်ကိုးလ အရွယ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ကလေးတစ်ယောက် ကဲ့သို့ ငိုယိုခြင်းနှင့် အိပ်စက်ခြင်းများ မရှိမှုသည် ထိုအချိန်မှစ၍ ဖြစ်ပေါ် လာခြင်း ဖြစ်ကြောင်း နှင့် အသက်လေးနှစ် မတိုင်မီအချိန်ထိ ၄င်း၏ ဆံပင်သည် ပုံမှန်ဖွံ့ဖြိုးမှု မရှိခဲ့ကြောင်း မိခင်ဖြစ်သည့် ကလေးငါးယောက် အမေ အသက် ၃၂ နှစ်အရွယ် နီကီထရီပက် က ပြောသည်။

''သူ ကားတိုက်ခံ ရတုန်းကဆိုရင် ကားဆယ်စီးစာ လောက်ကို တရွတ်တိုက် ပါသွားခဲ့ပြီး ကြိတ်မိခဲ့တာ။ ဒါပေမဲ့ သူကဘာမှ မဖြစ်တဲ့အတိုင်း ကျွန်မတို့ဆီကို ပြန်ပြီးလမ်းလျှောက် လာတာ။ စစ်ကြည့် လိုက်တော့လည်း သူ့ရဲ့ခြေမနဲ့ တင်ပါးမှာ အရေပြား အနည်းငယ်လန်ပြီး ဗိုက်ပေါ်မှာ ကားဘီးရာ ထင်တာကလွဲလို့ ဘာမှမဖြစ်ခဲ့ ပါဘူး'' ဟု ထရီပက် က ပြောသည်။

အိုလီဗီယာ ၏ ရောဂါသည် ကမ္ဘာပေါ်တွင် လက်ရှိအချိန်ထိ တစ်ဦးတည်းသာ ရှိနိုင်သော ရောဂါဖြစ်ပြီး ၄င်း၏ရောဂါ ပျောက်ကင်းအောင် ကုသရန် မဖြစ်နိုင်သော်လည်း သက်သာအောင် လုပ်ဆောင်ပေး နိုင်ကြောင်း ဇီဝဗေဒ သုတေသန ပညာရှင်ဟောင်း တစ်ဦးဖြစ်သည့် ဒေါက်တာ ဘီဗာလီဆီးရဲလ် က ပြောကြား ထားသည်။

ကောင်းထက်

မြ၀တီနေ့စဉ် ၊ စာ(၂၂)

Friday, December 19, 2014

အရှင်လတ်လတ် ဝါးမျို၍ လူသားစားသော သဲသောင်ပြင်


it is worth moving slowly to really look. Getting down and up close can yield surprises and provide a different perspective. Sometimes sand doesn't look at all like sand.


သိပ္ပဟန်

အမေရိကန်နိုင်ငံ မစ်ချီကန် ရေကန်၏ တောင်ဘက်ကမ်း အနီး ဘော်လ်ဒီ တောင်ခြေ သဲသောင်ပြင်တွင် နာသန် အမည်ရှိ အသက် ၆ နှစ်သား ကလေးငယ်တစ်ဦး ဆော့ကစား နေစဉ် သဲများက ဝါးမျိုသွား ခဲ့သည်။ သဲသောင်ပြင် ကြီးမှာ ထု ၃၇ မီတာ ပေ ၁၁ဝ ခန့်ရှိပြီး သက်တမ်း နှစ်ပေါင်း ၄၅ဝဝ ကျော်ပြီ ဖြစ်ကြောင်း သိရသည်။

သိပ္ပံပညာရှင်များ၏ ပြောကြားချက် အရ သဲသောင်ပြင်၏ ထုမှာ လေမုန်တိုင်းများ တိုက်ခတ်ခံ ရမှုကြောင့် အတွင်း၌ မမှန်းဆ နိုင်သော အထူအပါး အနေအထားများ ပြောင်းနေ တတ်သည်။ ဤသို့သော ပြောင်းလဲချက်များ ရှိသည်ကို လူအများက မသိကြပေ။ လူကြီးများပင် သဲသောင်ပြင် ကြီး၏ လျှို့ဝှက်ချက်ကို မသိရကား ကလေးများ အဖို့ပို၍ပင် ပဟေဠိဆန်လှ ပေလိမ့်မည်။ ကလေးတို့ ဘဝ သဲသောင် တွေ့လျှင် ပြေးလွှား ဆော့ကစား မိကြ ပေလိမ့်မည်။

နာသန် ကလေးကို ဝါးမျိုသွားသော သဲတွင်းမှာ မျက်စိဖြင့် ကြည့်လျှင် မမြင်နိုင်ပေ။ သောင်ပြင် တစ်ခုလုံးမှာလည်း သဲများမှာ အတူတူသာ ဖြစ်နေသည်။ သို့သော် ထိုနေရာ တည့်တည့် အပေါ်သို့ လူရောက် လာသည်နှင့် အောက်သို့ ကျွံကျ သွားသည်မှာ မြေမျိုသည့် အလား သဲပြင်ပေါ်မှ လူမှာ မြင်ကွင်းမှ ရုတ်တရက် ပျောက်သွားသည်။ အနားရောက် မှသာ ကျွံကျ သွားသော ၃ဝ စင်တီမီတာ ကျယ်သည့်သဲတွင်းကြီးကိုသာ ကြောက်မက် ဖွယ်ရာ တွေ့နိုင်သည်။

နာသန် ကလေး ကျွံဝင်ပြီးကျ သွားသောတွင်းမှာ အတွင်း၌ ကလိုင်ကြီး တစ်ခုနှင့် ဆက်နေသည်။ နာသန် ကလေး ကြောက်လွန်း၍ အမေ သားကြောက်တယ်၊ သားကြောက်တယ် ဟူသော အော်ငို နေသံကို ခပ်သဲ့သဲ့ကြား နေရသည်။ လူကိုတော့ လုံးဝ မမြင်ရပေ။ ဤသဲတွင်း ထဲသို့ ဘူမိဗေဒ ပညာရှင် များလည်း မဝင်ရဲကြ၍ အထဲတွင် တွင်းတွေက မည်မျှ ရှိနေသည် မသိနိုင်။ နောက် သုံးနာရီခွဲ ကြာတော့မှ သတိလစ် နေသော နာသန် ကလေးကို ကယ်ထုတ် လာ၍ တွေ့ရ တော့သည်။

ယင်းကိစ္စမှာ ဘူမိဗေဒ နယ်ပယ်တွင် အသစ်အဆန်း တစ်ရပ် ဖြစ်သည်ဟု ဘူမိဗေဒ ပညာရှင် အဲရင်အာဂျီလန် က ပြောပြသည်။ သူလည်း ယခုမှ သဲတွင်း၏ အတိုင်းအတာ ပမာဏကို တိုင်းတာ သိရှိ ရတော့သည်။ အလန်အာဘိုဂတ်စ် သည် မစ်ချီကန် ပြည်နယ် တက္ကသိုလ် ပထဝီသမား နှင့် မစ်ရှီဂန် သဲသောင်များ အကြောင်း ရှေ့ဆောင် ကျွမ်းကျင်သူ ဖြစ်သည်။

သဲများက သူ့ဘာသာ တစ်နည်းနည်း ဖြင့် စုဝေးရောက် ရှိလာပြီး အပေါ် မျက်နှာပြင်တွင် အပေါက်များ၊ ကလိုင်များ ဖြစ်နေ တတ်သည်။ ဘယ်လိုမှ တွင်းအပေါက် များရှိသည်ကို မသိနိုင်ပေ။ ဒေါက်တာ အာဂျီလန်၏ လုပ်ဖော် ကိုင်ဖက်က ဘော်လ်ဒီတောင် ကို ဖြတ်လျက်  တိုင်းတာ ကြည့်ရာတွင် သဲသောင်ပြင်ကြီး တစ်ခုလုံးသည် ၁၉၃၈ ခုနှစ်နှင့် ၂ဝဝ၇ ခုနှစ်အကြား မစ်ရှီကန် ရေအိုင် မျက်နှာစာမှ ၁၃၄ မီတာ (ပေ ၄ဝဝ ခန့်) နေရာရွေ့ နေကြောင်း သိလိုက် ရသည်။

ဤ သဲသောင်ကို တူးဖော်ရာ၌ သုံးနာရီခွဲခန့် ကြာသည်။ လူနှင့်တူးခြင်း မဟုတ်ဘဲ ယန္တရား စက်ရုပ်များနှင့် မြေတူးစက် ယန္တရားကြီး များဖြင့်တူး၍ နာသန် ကလေးကို ကယ်ထုတ် ကြရခြင်း ဖြစ်သည်။ ည ၈ နာရီထိုးပြီးမှ နာသန် ကလေး ကို တွေ့ရသည်။ သူ့ခမျာ လေတိုက်သော တွင်းအပေါက် တစ်ခုထဲတွင် သတိလစ် မေ့မြော နေသည်။ နာသန်ကို ဆေးရုံပို့၍ ကုသပြီး နှစ်ပတ် ကြာတော့မှ ဆေးရုံက ဆင်းလာနိုင်သည်။ သဲသောင်ထုကြီး အတွင်း လေအိတ် ကလိုင်များ ရှိသော နေရာတွင် နာသန် ကလေး ရောက်ရှိသွား၍ ယခုကဲ့သို့ အသက်ရှင် နိုင်ခြင်း ဖြစ်ကြောင်း ဆရာဝန်များက ပြောပြသည်။

အဆိုပါ အန္တရာယ်ရှိသော လူကို မျိုသည့် သဲသောင်ပြင်သို့ မည်သူမျှ မသွားနိုင် ကြရန် လုံးဝ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်


Tuesday, August 5, 2014

ထူးဆန်းသော နာနတ်သီး ပဒေသာ



နောင်ချို ၊ ၅-၈-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ၊ မန္တလေး - လားရှိုး ကားလမ်းပေါ်တွင် တည်ရှိသည့် ရတနာသင်္ဂီ စားသောက်ဆိုင် ၌ အသီး ၈ လုံးတွဲ နာနတ်သီး ပဒေသာကို ထူးဆန်းစွာ တွေ့ရှိရသည်။

အဆိုပါ နာနတ်သီး ပဒေသာကို စားသောက်ဆိုင် ပိုင်ရှင် ဦးဌေးအောင် နှင့် ဇနီး ဒေါ်တင်ရွှေ တို့ကို ဆိုင်သို့ လာသော ဧည့်သည် တစ်ဦးက ပေးသွားကြောင်း ၊ ၄င်းသည် ယပ်တောင် ပုံသဏ္ဍာန် ဖြစ်သောကြောင့် ဆိုင်အတွက် တိုးတက်သော နိမိတ်ကောင်းများ ဖြစ်ကြောင်း ဒေသခံ များ၏ ပြောပြချက် အရ သိရှိရသည်။ (၀၉၀)

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...