Social Icons

Pages

Tuesday, April 2, 2019

မြဝတီ ရုပ်မြင်သံကြား (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

မြဝတီ ရုပ်မြင် သံကြား (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ
-
နေပြည်တော် ဧပြီ ၁
-
မြဝတီ ရုပ်မြင်သံကြား (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြဝတီမီဒီယာမှ ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြဝတီရုပ်မြင်သံကြား၌ကျင်းပသည်။
-
-
အခမ်းအနားသို့ စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်သက်ပုံ၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းညီ၊ တပ်မတော်အရာရှိကြီးများ၊ မြဝတီ မီဒီယာတွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား တပ်မတော်အရာရှိများ၊မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်း အရုံး၊ မြန်မာနိုင်ငံဓာတ်ပုံအသင်း၊ စာပေ/ ဂီတ/ရုပ်ရှင် အနုပညာရှင်များ၊ (၇၄)နှစ်မြောက်  တပ်မတော်နေ့ဂုဏ်ပြု ''နာရီတစ်ရာ့ တစ်ဆယ်'' ဇာတ်ကားတွင်ပါဝင်ခဲ့ကြသည့် အနုပညာရှင်များ၊ ထူးချွန်ဆု ရရှိကြသည့်  အရာရှိ/ စစ်သည်/ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
-
-
ဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အစီအစဉ်ကိုကျင်းပရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက မြဝတီ ရုပ်မြင်သံကြားမှထူးချွန်ဆုရ စစ်သည်/ ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဆုများ ပေးအပ်ချီးမြှင့်သည်။
-
-
-
ဆက်လက်ပြီး ရန်ကုန်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံွးှန်ကြားရေးမှူးနှင့်  ဖိတ်ကြားထားသော စစ်ဘက်/ နယ်ဘက်မှအရာရှိကြီးများက မြဝတီရုပ်မြင် သံကြားနှင့် မြဝတီ စာပေတိုက် တို့မှ ထူးချွန်ဆုရစစ်သည်၊ ဝန်ထမ်းများ နှင့် မြဝတီရောင်စုံ ဓာတ်ပုံပြိုင်ပွဲ၊ မြဝတီ/ ငွေတာရီ/ သုတအလင်းမဂ္ဂဇင်း အကောင်းဆုံး ကာတွန်း၊ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထု ရှည်ဆုရရှိကြသူများကို လည်းကောင်း၊ မြဝတီ သတင်းစာတိုက်၊ ရတနာပုံသတင်းစာတိုက် နှင့် သဇင်အသံလွှင့်ဌာနတို့မှ ထူးချွန်ဆုရ စစ်သည်/ ဝန်ထမ်းများကို လည်းကောင်းဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။ အခမ်းအနားအပြီးတွင် ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး မြဝတီတေးဂီတအဖွဲ့နှင့်တွဲဖက်၍ မြန်မာ နိုင်ငံဂီတအစည်းအရုံးမှ တေးသံရှင်များ၊ အနုပညာ ရှင်များ၊ မြဝတီ ရုပ်မြင်သံကြားမှ တေးသံရှင်များက အဆို/ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ 
-
မြဝတီရုပ်မြင်သံကြားကို ၁၉၉၅ ခုနှစ်၊ မတ်လ ၂၇ ရက်၊ နှစ်(၅ဝ)ပြည့်ရွှေရတု တပ်မတော်နေ့တွင် စတင်ဖွင့် လှစ်ခဲ့ ခြင်းဖြစ် ပြီး ယခု ၂ဝ၁၉ခုနှစ်၊ မတ်လ ၂၇ ရက်တွင် (၇၄)နှစ်မြောက် တပ်မတော်နေ့နှင့်အတူမြဝတီရုပ်မြင် သံကြား၏ မီဒီယာသက်တမ်း သည်လည်း (၂၄)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ကာ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေး ရန်ဟူသော ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့်တပ်မတော်အတွက် တာဝန် ကျေပွန်သော ရုပ်/သံလိုင်း တစ်ခုအဖြစ်အစဉ် ဆက်လက်ကြိုးပမ်း ရပ်တည်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...