
-
ရန်ကုန် မတ် ၃၁
-
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့်ရွေးကောက် တင်မြှောက်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်ပြီး သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီး၌ ကျင်းပလျက်ရှိရာ နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုမိသားစုတို့သည် ယနေ့နံနက်၈နာရီတွင် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ အမှတ်(၃)မဲရုံ၌ လာရောက်ဆန္ဒမဲပေးကြသည်။
-

-
ထိုသို့ဆန္ဒမဲပေးရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ကျော်၊ တာမွေမြို့နယ်စည်ပင်သာယာရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment