
-
နေပြည်တော် မတ် ၎
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြစည်းခုံစာသင်တိုက်တွင်ပြုလုပ်မည့် တောင်ငူခရိုင် လုံးဆိုင်ရာ (၅ဝ)ကြိမ်မြောက် ရွှေရတုသုဓမ္မာ ပရိယတ္တိစာပြန်ပွဲ ဝင်ရောက်ဖြေဆိုတော်မူကြသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင်အဆိုပါ စာသင်တိုက်၌ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန်စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသူရိယအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့်ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြာနီကန်ကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်း နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက တောင်ငူခရိုင်လုံးဆိုင်ရာ (၅ဝ)ကြိမ်မြောက်ရွှေရတုသုဓမ္မာ ပရိယတ္တိစာပြန်ပွဲဝင်ရောက်ဖြေဆိုတော် မူကြသည့် သံဃာတော် ၅၂၂ ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
-
အဆိုပါ တောင်ငူခရိုင်လုံးဆိုင်ရာ (၅ဝ) ကြိမ်မြောက် ရွှေရတုသုဓမ္မာပရိယတ္တိ စာပြန်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဓမ္မာစရိယစာချတန်း၊ ပထမကြီး၊ ပထမငယ်၊ ပထမလတ်၊ ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်အတန်းအလိုက်သံဃာတော် ၅၂၂ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် ခြောက်ပါး ဝင်ရောက်ဖြေဆိုအောင် မြင်တော် မူခဲ့ကြကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment