
-
နေပြည်တော် ဖေဖော်ဝါရီ ၂၄
-
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၃ ရက် ည ၆ နာရီခွဲခန့်တွင်ဟန်ထက်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာသို့ အရောက်၌ကိုမျိုး(ဘ) ဦးအောင်မြင့် မောင်းနှင်လာသည့် NISSAN အမျိုးအစား ၁၂ ဘီးယာဉ်ယာဉ်အမှတ်၊ 3A/----ပေါ်မှ တရားမဝင်ကျွန်းနှင့်ပိတောက်သစ်ခွဲသားဆိုဒ်စုံ ၇ တန်ခန့်နှင့်အတူဖမ်းဆီးရမိခဲ့ပြီးအဆိုပါနေရာအနီး တစ်ဝိုက်၌ပင် တုန်ဖုန်းအမျိုးအစား ခြောက်ဘီးယာဉ် ယာဉ်အမှတ်၊ C/----ယာဉ်ပေါ်မှ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၇ တန်ခန့်ကို လည်းကောင်း၊ သစ်တင်ယာဉ် တုန်ဖုန်း အမျိုးအစား ခြောက်ဘီးယာဉ် ယာဉ်အမှတ်၊ 3A/----ယာဉ်တစ်စီးတို့ကို လည်းကောင်း ပိုင်ရှင်မဲ့ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
-
ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မိုးလှိုင်ကျေးရွာ၏ တောင်ဘက် ၅ မိုင်ခန့်အကွာသို့ အရောက်၌ တရားမဝင် ကျွန်းသစ်လုံးဆိုဒ်စုံ၂၇ တန်ခန့်ကိုလည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ တရားမဝင်သစ်များ၊ မော်တော်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိသူအား မံစီမြို့နယ်နှင့် မဘိမ်းမြို့နယ် သစ်တောဦးစီးဌာန၊ မံစီမြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment