
-
နေပြည်တော် ဖေဖော်ဝါရီ ၂၁
-
နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့သည်။
-
ထိုသို့တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က သံအမတ်ကြီးအား မြန်မာနိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့အကြား ရရှိ ထားသော သဘော တူညီချက်များနှင့်အညီ နေရပ်စွန့်ခွာသွားသူ များအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောလျင်စွာ စတင်ရေးအတွက် နေရပ်စွန့်ခွာ သွားသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားပူးတွဲလုပ်ငန်းအဖွဲ့(Joint Working Group) ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် ဧပြီလ ဒုတိယ လဝက်ကာလတွင် နေပြည်တော်၌ ကျင်းပရန်အဆိုပြုခဲ့သည်။
-
ထို့ပြင် ၂ဝ၁၅ ခုနှစ် ဇွန်လအတွင်းက မြန်မာနိုင်ငံ ဘက်ခြမ်းသို့ တရားမဝင် ရောက်ရှိခဲ့သော ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးအား နှစ်နိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့များ၏ အလံတင်အစည်းအဝေးပြုလုပ်၍ မြန်မာဘက်မှ ရှစ်ရက်အတွင်း ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းအစဉ်အလာနှင့်အညီ မကြာသေးမီကဘင်္ဂလားဒေ့ရှ်ဘက်မှ ထိန်းသိမ်းထားသော မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား အောင်ဘိုဘိုသိန်းအား ဆောလျင်စွာ ပြန်လည်လွှဲပြောင်း ပေးစေလိုကြောင်းအသိပေးပြောကြားခဲ့သည်။
-
ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကလည်းဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် အဆိုပါရဲတပ်သားအား ဥပဒေကြောင်းအရ မည်သည့် အရေးယူမှုမျှပြုလုပ်သွားမည်မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းလုပ်ငန်းစဉ်များနှင့်အညီလိုအပ်သည်များ ဆောင်ရွက်ပြီးပါက မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းသွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှသတင်းရရှိသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment