Social Icons

Pages

Friday, January 11, 2019

၂ဝ၁၈ ခုနှစ်အတွင်း ရွှေတိဂုံစေတီတော်သို့ ထိုင်း တောင်ကိုရီးယား တရုတ်နှင့်ဂျပန်နိုင်ငံတို့မှ အများဆုံး လာရောက်ကြည်ညို

၂ဝ၁၈ ခုနှစ်အတွင်း ရွှေတိဂုံစေတီတော်သို့ ထိုင်း တောင်ကိုရီးယား တရုတ်နှင့်ဂျပန်နိုင်ငံတို့မှ အများဆုံး လာရောက်ကြည်ညို
-
ရန်ကုန် ဇန်နဝါရီ ၁ဝ 
-
၂ဝ၁၈ ခုနှစ်တစ်နှစ်တာအတွင်း ရွှေတိဂုံ စေတီတော်သို့ ထိုင်း၊ တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့မှ ခရီးသွားဧည့်သည် အများဆုံးလာရောက် ကြည်ညိုခဲ့ကြကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ''နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှုက ၂ဝ၁၈ ခုနှစ် နှစ်စပိုင်းမှာ လျော့ကျခဲ့တယ်။ နောက်ပိုင်းမှာ များလာတယ်ဆိုပေမယ့် နှစ်ကုန်ပိုင်းလောက်မှာပြန်ပြီး လျော့နည်းသွားတယ်။ အများဆုံးကတော့ ထိုင်း၊ တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေကနေ လာရောက်ကြ တာဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။ 
-
ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှုသည် ပွင့်လင်းရာသီဖြစ်သည့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ၂ဝ၁၇ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ခရီးသွားဦးရေ ၉ဝဝဝ ခန့်ကျဆင်းသွားပြီး မတ်လမှ ဇွန်လကုန်အထိ ကာလတွင် ခရီးသွား ဦးရေပြန်လည် တိုးတက်ခဲ့ကြောင်း သိရသည်။ 
-
ရွှေတိဂုံ စေတီတော်သို့ လာရောက်ကြည်ညို လေ့လာကြသော နိုင်ငံခြားခရီးသွား ဧည့်သည် များအတွက် စေတီတော် တောင်ဘက်မုခ်နှင့် အနောက်ဘက်မုခ်တို့၌ နိုင်ငံခြားသား သီးသန့် ဝင်ပေါက်များ စီစဉ်ပေးထားကာ ကော်ဖီ၊ စနိုးတာဝါနှင့် ရေသန့်ဘူးများကို ဝန်ဆောင်မှု ပေးထားပြီး သန့်စင်ခန်းများလည်း စီစဉ်ပေးထားသည်။ ထို့ပြင် အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် Wi-Fi Free အသုံးပြုခွင့်ပေးခြင်း၊ မိုးရွာပါက ထီးအသုံးပြုနိုင်ရန် စောင်းတန်းများ၌ အသင့်ထား ရှိပေးထားကြောင်း သိရသည်။ 
-
ထက်ခိုင်(စမ်းချောင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...